
0
681


သတင်းဓာတ်ပုံ – သန္တာမိုး



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
LS Cable and System လျှပ်စစ်​​ကေဘယ်​လ်​စက်​ရုံ ဖွင့်လှစ်

ကိုရီးယားနိုင်​ငံက LS Cable and System လျှပ်စစ်​​ကေဘယ်​လ်​စက်​ရုံကို သန်​လျင်​မြို့နယ်မှာရှိတဲ့ သီလဝါအထူး စီးပွား​ရေးဇုန်​ ဇုန်​ B မှာ နိုဝင်​ဘာလ ၁၄ ရက်​​နေ့ နံနက်​ပိုင်​းက စတင်​ဖွင့်လှစ်ခဲ့ပါတယ်။

မြန်​မာနိုင်​ငံရဲ့ အကြီးကျယ်​ဆုံးတည်​​ဆောက်​မှုပုံစံနဲ့ စက်​ပစ္စည်​း​တွေ တပ်​ဆင်​ထားမှု လျှပ်စစ်​စွမ်​းအားဆိုင်ရာ ​လိုအပ်​ချက်​​တွေ၊​ ဆောက်​လုပ်​​ရေးလုပ်​ငန်​းသုံး​ ကေဘယ်​လ်​ ထုတ်​လုပ်​ဖြန်​့ချီမှုတွေအပြင် လုပ်သားတွေရဲ့ အလုပ်​အကိုင်​အခွင့်အလမ်းတွေ ဖန်​တီးပေးနိုင်ဖို့ အဓိကထား ​ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါစက်​ရုံကို နှစ်​ ၅၀ ဆယ်​ ငှားရမ်​းထားပြီး လုပ်သားအင်​အား၂၀​ ကျော်​နဲ့ စတင်​လုပ်​ကိုင်​​နေပြီး လက်ရှိမှာလည်း မြန်​မာလုပ်​သား​တွေကို ထပ်​မံ​ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။ အဲဒီစက်ရုံဖွင့်ပွဲမှာ မြန်​မာနိုင်​ငံဆိုင်​ရာ ကိုရီးယားသံအမတ်​နဲ့ သီလဝါအထူးစီးပွား​ရေးဇုန်​က တာဝန်​ရှိသူ​​တွေ တက်​​ရောက်​ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)