ႀကိဳးနီစနစ္ ေလွ်ာ့ခ်ဖို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ တိုက္တြန္း

0
699

ႀကိဳးနီစနစ္ ေလွ်ာ့ခ်ေရးအတြက္ ျပည္ေထာင္စု ရာထူးဝန္အဖြဲ႔အေနနဲ႔ သင္တန္းေတြကို ပို႔ခ်႐ံုသာမကဘဲ သက္ဆိုင္ရာ အစိုးရအဖြဲ ့အစည္းေတြနဲ႔ ပူးေပါင္းၿပီး နည္းလမ္းရွာဖို႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္က ဒီေန႔ ႏိုဝင္ဘာ ၁၄ ရက္မွာ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေမတၱာရပ္ခံလိုက္ပါတယ္။

ႏိုင္ငံ့ဝန္ထမ္းေတြအၾကား အခုအခ်ိန္အထိ အားေကာင္းေနတဲ့ ႀကိဳးနီစနစ္ကို ေလွ်ာ့ခ်ဖို႔ ဘယ္လို ေဆာင္ရြက္ေနပါ သလဲဆိုတဲ့ ေမးခြန္းကို တြံေတး မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္လြင္က လႊတ္ေတာ္မွာ ေမးျမန္းခဲ့တာပါ။

ဒီေမးခြန္းကို ျပည္ေထာင္စု ရာထူးဝန္အဖြဲ႔ ဥကၠ႒က ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ ရာထူးအဆင့္အလိုက္ တာဝန္ဝတၱရားေတြ ခြဲေဝသတ္မွတ္ထားရွိၿပီး လုပ္ပိုင္ခြင့္ အာဏာကို ေအာက္ေျခ ေရာက္တဲ့အထိ အဆင့္ဆင့္ ခြဲေဝခ်ထားေပးတဲ့စနစ္ကို က်င့္သုံး ေဆာင္ရြက္ေနသလို ဗဟိုဝန္ထမ္း တကၠသိုလ္ေတြမွာ ရာထူးအလိုက္ သင္တန္းေတြ ဖြင့္လွစ္သင္ၾကားေပးေနတယ္လို႔ ေျဖၾကားမႈအၿပီးမွာ ဦးတီခြန္ျမတ္က အခုလို ျဖည့္စြက္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြိုးနီစနစ် လျှော့ချဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ကြိုးနီစနစ် လျှော့ချရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ သင်တန်းတွေကို ပို့ချရုံသာမကဘဲ သက်ဆိုင်ရာ အစိုးရအဖွဲ ့အစည်းတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းရှာဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအကြား အခုအချိန်အထိ အားကောင်းနေတဲ့ ကြိုးနီစနစ်ကို လျှော့ချဖို့ ဘယ်လို ဆောင်ရွက်နေပါ သလဲဆိုတဲ့ မေးခွန်းကို တွံတေး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရာထူးအဆင့်အလိုက် တာဝန်ဝတ္တရားတွေ ခွဲဝေသတ်မှတ်ထားရှိပြီး လုပ်ပိုင်ခွင့် အာဏာကို အောက်ခြေ ရောက်တဲ့အထိ အဆင့်ဆင့် ခွဲဝေချထားပေးတဲ့စနစ်ကို ကျင့်သုံး ဆောင်ရွက်နေသလို ဗဟိုဝန်ထမ်း တက္ကသိုလ်တွေမှာ ရာထူးအလိုက် သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဖြေကြားမှုအပြီးမှာ ဦးတီခွန်မြတ်က အခုလို ဖြည့်စွက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)