နည္းပညာရွင္ေတြ ေပၚထြက္လာေစဖုိ႔ Mobile Applaction ေရးဆြဲနည္း သင္တန္း အခမဲ့သင္ေပး (႐ုပ္/သံ)

0
933

အနာဂတ္လူငယ္ေတြ နည္းပညာရပ္ေတြကို ကၽြမ္းကၽြမ္းက်င္က်င္ အသုံးျပဳႏိုင္ဖို႔နဲ႔ နည္းပညာရွင္ေတြ ေပၚထြက္လာေစဖို႔ Mobile Applaction ေရးဆြဲနည္း သင္တန္းေတြ အခမဲ့ သင္ၾကားေပးေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

လူငယ္ေတြ နည္းပညာပိုင္းဆိုင္ရာမွာ တိုးတက္လာၿပီး နည္းပညာရပ္ပိုင္းဆိုင္ရာေတြကို တီထြင္ႀကံဆနိုင္ဖို႔အတြက္ ဒီ Mobile App သင္တန္းကို ဖြင့္လွစ္သင္ၾကားေပးေနတာ ျဖစ္ပါတယ္။

ဒီသင္တန္းကို ျမန္မာႏုိင္ငံ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးက ကြန္ပ်ဴတာတကၠသိုလ္ ေက်င္းသား၊ ေက်ာင္းသူေတြ ပါဝင္ယွဥ္ၿပိဳင္ၿပီး အေတြ႕အႀကံဳေတြ၊ အမ်ားနဲ႔ ပူးေပါင္းေဆာင္တတ္တဲ့ အေလ့အက်င့္ ေကာင္းေတြ ရရွိေစဖို႔ Samsung Myanmar က စီစဥ္ဖြင့္လွစ္ သင္ၾကားေပးေနတာ ျဖစ္ပါတယ္။

Soundbite ; ဦးစိုးသူရ (PR & Citizenship Manager)
Samsung Myanmar

ဒါ့အျပင္ ဒီသင္တန္းကို တက္ေရာက္ဖို႔အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ေရြးခ်ယ္ရာမွာ သက္ဆိုင္ရာ တကၠသိုလ္ေတြရဲ႕ ဆရာ၊ ဆရာမေတြကေန ေရြးခ်ယ္ေပးတာျဖစ္သလို တကၠသိုလ္တစ္ခုက နည္းပညာပိုင္းကို စိတ္၀င္စားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ၃ ဦးကိုသာ လက္ခံသြားမွာ ျဖစ္ပါတယ္။

Soundbite; ေနာ္ပန္းသဥၨာမ်ဳိး (ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး)
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕

ပညာေရးနဲ႔ လူငယ္အေျချပဳတဲ့ လူမႈအက်ဳိးျပဳအစီအစဥ္ကို ၂၀၁၃ ခုႏွစ္ကစတင္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတာျဖစ္ၿပီး ကြန္ပ်ဴတာတကၠသိုလ္ေတြက ေက်ာင္းသားလူငယ္ငယ္ ၈၀၀ ေလာက္ကို သင္တန္းပို႔ခ်ေပးႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပညာရှင်တွေ ပေါ်ထွက်လာစေဖို့ Mobile Applaction ရေးဆွဲနည်း သင်တန်း အခမဲ့သင်ပေး

အနာဂတ်လူငယ်တွေ နည်းပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့နဲ့ နည်းပညာရှင်တွေ ပေါ်ထွက်လာစေဖို့ Mobile Applaction ရေးဆွဲနည်း သင်တန်းတွေ အခမဲ့ သင်ကြားပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

လူငယ်တွေ နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်လာပြီး နည်းပညာရပ်ပိုင်းဆိုင်ရာတွေကို တီထွင်ကြံဆနိုင်ဖို့အတွက် ဒီ Mobile App သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒီသင်တန်းကို မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကွန်ပျူတာတက္ကသိုလ် ကျေင်းသား၊ ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံတွေ၊ အများနဲ့ ပူးပေါင်းဆောင်တတ်တဲ့ အလေ့အကျင့် ကောင်းတွေ ရရှိစေဖို့ Samsung Myanmar က စီစဉ်ဖွင့်လှစ် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Soundbite ; ဦးစိုးသူရ (PR & Citizenship Manager)
Samsung Myanmar

ဒါ့အပြင် ဒီသင်တန်းကို တက်ရောက်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ရာမှာ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ဆရာ၊ ဆရာမတွေကနေ ရွေးချယ်ပေးတာဖြစ်သလို တက္ကသိုလ်တစ်ခုက နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ ဦးကိုသာ လက်ခံသွားမှာ ဖြစ်ပါတယ်။

Soundbite; နော်ပန်းသဉ္ဇာမျိုး (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ပညာရေးနဲ့ လူငယ်အခြေပြုတဲ့ လူမှုအကျိုးပြုအစီအစဉ်ကို ၂၀၁၃ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်တွေက ကျောင်းသားလူငယ်ငယ် ၈၀ဝ လောက်ကို သင်တန်းပို့ချပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)