ေရႊနဲ႔ ပိုက္ဆံ ၂၆ သိန္းေက်ာ္ဖိုး ခိုးယူတဲ့ သားအမိ အဖမ္းခံရ

0
855

ေခတၱတည္းခိုခြင့္ ေပးထားတဲ့ အိမ္ကေန ေရႊထည္နဲ႔ ေငြစကၠဴ ၂၆ သိန္းေက်ာ္ဖိုး ခိုးယူလို႔ သားအမိႏွစ္ဦး အဖမ္းခံခဲ့ရပါတယ္။

သူဇာ (ခ) သီတာေအး (ခ) စႏၵာ (၄၆ ႏွစ္) နဲ႔ သားျဖစ္သူ (၁၃ ႏွစ္) တို႔ ႏိုဝင္ဘာ ၂ ရက္ေန႔က တကၠစီ ငွားစီးလာစဥ္ တည္းခိုစရာမရွိလို႔ မိုးလင္းေပါက္ဆိုင္ ဖြင့္တဲ့ဆိုင္ကို ပို႔ခိုင္းတဲ့အတြက္ တကၠစီ ယာဥ္ေမာင္းက ဇနီးကို ဖုန္းဆက္ တိုင္ပင္ၿပီး အိမ္မွာ တည္းခိုေစပါတယ္။ ေဒၚသူဇာက သူ႔ေယာကၡမျဖစ္ အင္းစိန္ေဆး႐ံုမွာ ေဆးကုသဖို႔ လာမွာ ျဖစ္ၿပီး သူတို႔က မေကြးမွာ ထမင္းဆိုင္ ဖြင့္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ႏိုဝင္ဘာလ ၄ ရက္ေန႔မွာ သားအမိ ႏွစ္ဦး အိမ္က ထြက္သြားတယ္လို႔ အစ္မျဖစ္သူ ဖုန္းဆက္လို႔ တကၠစီ ယာဥ္ေမာင္းရဲ႕ ဇနီးက အိမ္ျပန္ၿပီး စစ္ေဆးရာမွာ ေရႊဆြဲႀကိဳး၊ လက္ေကာက္၊ ပယင္းလက္ေကာက္နဲ႔ ေငြက်ပ္ ၁၄၀၀၀၊ စုစုေပါင္း တန္ဖိုး ၂၆ သိန္းေက်ာ္ဖိုး ေပ်ာက္ဆံုးေနတာ ေတြ႔ရလို႔ မဂၤလာဒုံၿမိဳ႕မရဲစခန္းကို တိုင္ၾကားခဲ့ပါတယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔က သူဇာတို႔ သားအမိကို ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီၿမိဳ႕၊ ေစ်းပိုင္းရပ္ကြက္၊ သစ္ထုတ္လုပ္ေရးဝင္းထဲမွာ ေတြ႔ရွိ ဖမ္းမိခဲ့ပါတယ္။ ေရႊေတြကို ၁၆ သိန္းနဲ႔ ေျမာက္ဥကၠလာမွာ ေပါင္ခဲ့ၿပီး သူဇာ့ဆီမွာ ေငြက်ပ္ ၈၉၅၀၀ ဆိမ္းဆည္းရမိခဲ့လို႔ ေပါင္ႏွံထားတဲ့ ေရႊေတြကို လိုက္လံသိမ္းဆည္းၿပီး သားအမိကို အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေနဲ့ ပိုက်ဆံ ၂၆ သိန်းကျော်ဖိုး ခိုးယူတဲ့ သားအမိ အဖမ်းခံရ

ခေတ္တတည်းခိုခွင့် ပေးထားတဲ့ အိမ်ကနေ ရွှေထည်နဲ့ ငွေစက္ကူ ၂၆ သိန်းကျော်ဖိုး ခိုးယူလို့ သားအမိနှစ်ဦး အဖမ်းခံခဲ့ရပါတယ်။

သူဇာ (ခ) သီတာအေး (ခ) စန္ဒာ (၄၆ နှစ်) နဲ့ သားဖြစ်သူ (၁၃ နှစ်) တို့ နိုဝင်ဘာ ၂ ရက်နေ့က တက္ကစီ ငှားစီးလာစဉ် တည်းခိုစရာမရှိလို့ မိုးလင်းပေါက်ဆိုင် ဖွင့်တဲ့ဆိုင်ကို ပို့ခိုင်းတဲ့အတွက် တက္ကစီ ယာဉ်မောင်းက ဇနီးကို ဖုန်းဆက် တိုင်ပင်ပြီး အိမ်မှာ တည်းခိုစေပါတယ်။ ဒေါ်သူဇာက သူ့ယောက္ခမဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသဖို့ လာမှာ ဖြစ်ပြီး သူတို့က မကွေးမှာ ထမင်းဆိုင် ဖွင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာ သားအမိ နှစ်ဦး အိမ်က ထွက်သွားတယ်လို့ အစ်မဖြစ်သူ ဖုန်းဆက်လို့ တက္ကစီ ယာဉ်မောင်းရဲ့ ဇနီးက အိမ်ပြန်ပြီး စစ်ဆေးရာမှာ ရွှေဆွဲကြိုး၊ လက်ကောက်၊ ပယင်းလက်ကောက်နဲ့ ငွေကျပ် ၁၄၀ဝ၀၊ စုစုပေါင်း တန်ဖိုး ၂၆ သိန်းကျော်ဖိုး ပျောက်ဆုံးနေတာ တွေ့ရလို့ မင်္ဂလာဒုံမြို့မရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က သူဇာတို့ သားအမိကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ သစ်ထုတ်လုပ်ရေးဝင်းထဲမှာ တွေ့ရှိ ဖမ်းမိခဲ့ပါတယ်။ ရွှေတွေကို ၁၆ သိန်းနဲ့ မြောက်ဥက္ကလာမှာ ပေါင်ခဲ့ပြီး သူဇာ့ဆီမှာ ငွေကျပ် ၈၉၅၀ဝ ဆိမ်းဆည်းရမိခဲ့လို့ ပေါင်နှံထားတဲ့ ရွှေတွေကို လိုက်လံသိမ်းဆည်းပြီး သားအမိကို အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)