ပန္းခ်ီဆရာႀကီး ဦးသုခ ႏွစ္ (၁ဝဝ) ျပည့္ ပန္းခ်ီျပပြဲ က်င္းပ

1
694

ပန္းခ်ီဆရာႀကီး ဦးသုခ ႏွစ္ (၁ဝဝ) ျပည့္ အထိမ္းအမွတ္ ပန္းခ်ီျပပြဲကို မေန႔ ႏိုဝင္ဘာ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ စထရင္းဟိုတယ္မွာ စတင္ က်င္းပေနပါတယ္။

အခမ္းအနားကို ပန္းခ်ီဆရာႀကီး ဦးလြန္းၾကြယ္၊ ပန္းခ်ီဆရာႀကီး ဦးသုခေဖာင္ေဒးရွင္း ဥကၠ႒ ပန္းခ်ီဆရာ ဦးမင္းေဝေအာင္နဲ႔ ဝါရင့္ပန္းခ်ီဆရာႀကီးေတြက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးပါတယ္။ ပန္းခ်ီျပပြဲမွာ အိႏၵိယ၊ ဂ်ပန္၊ ကိုရီးယား၊ ထိုင္း၊ မေလးရွား၊ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြက ပန္းခ်ီဆရာ ၅၇ ဦးရဲ႕ ပန္းခ်ီကား ၅၇ ကား၊ ျမန္မာပန္းခ်ီဆရာ ၃၀၀ ေက်ာ္ရဲ႕ ပန္းခ်ီကားေတြနဲ႔ စုစုေပါင္း ပန္းခ်ီကား ၃၇၀ ျပသထားပါတယ္။

ပန္းခ်ီျပပြဲကို ႏွစ္ေနရာခြဲ ျပသမွာျဖစ္ၿပီး စထရင္းဟိုတယ္မွာ ႏိုဝင္ဘာလ ၁၃ ရက္ကေန ႏိုဝင္ဘာလ ၁၅ ရက္အထိ ပန္းခ်ီကား ၃ဝဝ၊ ပန္းဆိုးတန္းရွိ ေလာကနတ္ပန္းခ်ီျပခန္းမွာ ႏိုဝင္ဘာလ ၁၃ ရက္ကေန ႏိုဝင္ဘာ ၁၈ ရက္အထိ ပန္းခ်ီကား ၇ဝ ျပသထားမွာ ျဖစ္ပါတယ္။

ပန္းခ်ီဆရာႀကီး ဦးသုခကို ၁၉၁၈ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ရန္ကုန္ ပန္းခ်ီ ပန္းပု ေက်ာင္းအုပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်းချီဆရာကြီး ဦးသုခ နှစ် (၁ဝဝ) ပြည့် ပန်းချီပြပွဲ ကျင်းပ

ပန်းချီဆရာကြီး ဦးသုခ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ စထရင်းဟိုတယ်မှာ စတင် ကျင်းပနေပါတယ်။

အခမ်းအနားကို ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ပန်းချီဆရာကြီး ဦးသုခဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပန်းချီဆရာ ဦးမင်းဝေအောင်နဲ့ ဝါရင့်ပန်းချီဆရာကြီးတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။ ပန်းချီပြပွဲမှာ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပန်းချီဆရာ ၅၇ ဦးရဲ့ ပန်းချီကား ၅၇ ကား၊ မြန်မာပန်းချီဆရာ ၃၀ဝ ကျော်ရဲ့ ပန်းချီကားတွေနဲ့ စုစုပေါင်း ပန်းချီကား ၃၇၀ ပြသထားပါတယ်။

ပန်းချီပြပွဲကို နှစ်နေရာခွဲ ပြသမှာဖြစ်ပြီး စထရင်းဟိုတယ်မှာ နိုဝင်ဘာလ ၁၃ ရက်ကနေ နိုဝင်ဘာလ ၁၅ ရက်အထိ ပန်းချီကား ၃ဝဝ၊ ပန်းဆိုးတန်းရှိ လောကနတ်ပန်းချီပြခန်းမှာ နိုဝင်ဘာလ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ပန်းချီကား ၇ဝ ပြသထားမှာ ဖြစ်ပါတယ်။

ပန်းချီဆရာကြီး ဦးသုခကို ၁၉၁၈ ခုနှစ်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန် ပန်းချီ ပန်းပု ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.