ကုမၸဏီအတြင္း စီးနင္းဝင္ေရာက္ၿပီး မန္ေနဂ်ာကို ဖမ္းေခၚသြားသူေတြကို ဖမ္းမိ

0
762

ရန္ကုန္ၿမိဳ႕၊ အလုံၿမိဳ႕နယ္ရွိ KGL အင္ဂ်င္ဝိုင္ ေရာင္းဝယ္ေရး ကုမၸဏီဝင္းအတြင္း ဝင္ေရာက္စီးနင္းၿပီး မန္ေနဂ်ာ ဦးျမင့္စိန္ (ခ) ဖိလစ္ကို ဖမ္းဆီးေခၚေဆာင္သြားသူ ငါးဦးကို ဖမ္းဆီးရမိခဲ့ပါတယ္။

ႏုိဝင္ဘာ ၁၂ ရက္ ည ၇ နာရီခြဲမွာ ဖမ္းဆီးေခၚေဆာင္ခံရတဲ့ ဦးျမင့္စိန္ကို ႏိုဗိုတယ္ ဟိုတယ္ေရွ႕မွာ သူ႔ကိုယ္ပိုင္ကားအတြင္း ျပန္လည္ ေတြ႔ရွိခဲ့ပါတယ္။ ျပစ္မႈ က်ဴးလြန္သူေတြအနက္ သူရနဲ႔ တျခားတစ္ဦးကို အခင္းျဖစ္ပြားရာ အနီး၊ ေဇာ္ထူးနဲ႔ တျခားတစ္ဦးကို ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္းမွာ ဖမ္းဆီးရမိခဲ့ပါတယ္။ တိုက္ႀကီးၿမိဳ႕နယ္မွာ ထြန္းထြန္းကို ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိထားသူ ငါးဦးနဲ႔ ဖမ္းမမိေသးတဲ့ မ်ဳိးျမင့္ ေအာင္ (ခ) အရွည္ႀကီး အပါအဝင္ ငါးဦးကို အလုံၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ စစ္ေဆးၿပီး လြတ္ေျမာက္ေနသူေတြကို ဖမ္းမိဖို႔ ႀကိဳးစားေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုမ္ပဏီအတွင်း စီးနင်းဝင်ရောက်ပြီး မန်နေဂျာကို ဖမ်းခေါ်သွားသူတွေကို ဖမ်းမိ

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ KGL အင်ဂျင်ဝိုင် ရောင်းဝယ်ရေး ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်စီးနင်းပြီး မန်နေဂျာ ဦးမြင့်စိန် (ခ) ဖိလစ်ကို ဖမ်းဆီးခေါ်ဆောင်သွားသူ ငါးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီခွဲမှာ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးမြင့်စိန်ကို နိုဗိုတယ် ဟိုတယ်ရှေ့မှာ သူ့ကိုယ်ပိုင်ကားအတွင်း ပြန်လည် တွေ့ရှိခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေအနက် သူရနဲ့ တခြားတစ်ဦးကို အခင်းဖြစ်ပွားရာ အနီး၊ ဇော်ထူးနဲ့ တခြားတစ်ဦးကို ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ တိုက်ကြီးမြို့နယ်မှာ ထွန်းထွန်းကို ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိထားသူ ငါးဦးနဲ့ ဖမ်းမမိသေးတဲ့ မျိုးမြင့် အောင် (ခ) အရှည်ကြီး အပါအဝင် ငါးဦးကို အလုံမြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးပြီး လွတ်မြောက်နေသူတွေကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)