ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေတြ႕ဆံု ေဆြးေႏြး

0
447

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕မွာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘးတို႔ ဒီေန႔ ႏိုဝင္ဘာ ၁၄ ရက္မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္ အက်ပ္အတည္း ေျဖရွင္းေရးနဲ႔ ပတ္သက္လို႔ ဂ်ပန္ႏိုင္ငံက ပူးေပါင္းလုပ္ေဆာင္ေရး အေလးေပး ေဆြးေႏြးဖြယ္ရွိတယ္လို႔ ဂ်ပန္သတင္းေတြက ေရးပါတယ္။ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြကို ARSA အၾကမ္းဖက္အဖြဲ႔က အလစ္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔လည္း ဝန္ႀကီးခ်ဳပ္ အာေဘးက ျပစ္တင္ ေျပာဆိုခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလက ကုလသမဂၢ အေထြေထြညီလာခံမွာ ဂ်ပန္ ႏိုင္ငံျခားေရး ဝန္ႀကီး တာ႐ို ကိုႏိုက ဂ်ပန္အေနနဲ႔ ျမန္မာႏိုင္ငံကိုေရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကိုပါ အေရးေပၚအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၄ သန္းကို ႏိုင္ငံတကာ အဖြဲ႔အစည္းေတြကတဆင့္ ေထာက္ပံ့မယ္လို႔ ေၾကညာခဲ့ပါတယ္။
………………….. ။ ။ …………………….

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံ ဆွေးနွေး

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက ပူးပေါင်းလုပ်ဆောင်ရေး အလေးပေး ဆွေးနွေးဖွယ်ရှိတယ်လို့ ဂျပန်သတင်းတွေက ရေးပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ARSA အကြမ်းဖက်အဖွဲ့က အလစ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း ဝန်ကြီးချုပ် အာဘေးက ပြစ်တင် ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တာရို ကိုနိုက ဂျပန်အနေနဲ့ မြန်မာနိုင်ငံကိုရော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပါ အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၄ သန်းကို နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)