ပုသိမ္မွာ အေဆာက္အဦး ၿဖိဳခ်စဥ္ အလုပ္သမားတစ္ဦး ေသဆံုး

0
443

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕၊ သိမ္ေတာ္ႀကီးလမ္းရွိ ႏွစ္ထပ္တိုက္တစ္လံုး ၿဖိဳခ်ဖ်က္ဆီးစဥ္ အလုပ္သမားတစ္ဦး ထိခိုက္ဒဏ္ရာရ ေသဆံုးခဲ့ပါတယ္။

ဒီေန႔ ႏိုဝင္ဘာ ၁၄ ရက္ မနက္ ၁၁ နာရီက Top Light ဆိုင္ကယ္ပစၥည္းဆိုင္ အေဆာက္အဦးကို အသစ္ျပန္ေဆာက္ဖို႔ အိမ္ရွင္က ေက်ာ္ေက်ာ္၊ သန္႔ေဇာ္၊ ေအာင္ေလးတို႔ သံုးဦးကို ေငြက်ပ္ တစ္သိန္းနဲ႔ ငွားရမ္း ၿဖိဳခ်ခိုင္းတာ ျဖစ္ပါတယ္။ အုတ္နံရံၿဖိဳခ်စဥ္ ေက်ာ္ေက်ာ္ (၂၃ ႏွစ္) ဟာ ၿပိဳက်တဲ့ နံရံေၾကာင့္ ထိခုိက္ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ေသဆံုးသူ အပါအဝင္ အိမ္ၿဖိဳခ်တဲ့ သံုးဦးစလံုးကို တိုက္နံရံအား လူ႔အသက္ေသဆံုးသည္အထိ ေပါ့ေလ်ာ့စြာၿဖိဳဖ်က္မႈနဲ႔ ပုသိမ္းၿမိဳ႕မ ရဲစခန္းက ရဲအုပ္ ထိန္လင္းက တရားလိုျပဳလုပ္ကာ အမႈဖြင့္ထားပါတယ္။
………………. ။ ။ ………………..
ပုသိမ်မှာ အဆောက်အဦး ဖြိုချစဉ် အလုပ်သမားတစ်ဦး သေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့၊ သိမ်တော်ကြီးလမ်းရှိ နှစ်ထပ်တိုက်တစ်လုံး ဖြိုချဖျက်ဆီးစဉ် အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီက Top Light ဆိုင်ကယ်ပစ္စည်းဆိုင် အဆောက်အဦးကို အသစ်ပြန်ဆောက်ဖို့ အိမ်ရှင်က ကျော်ကျော်၊ သန့်ဇော်၊ အောင်လေးတို့ သုံးဦးကို ငွေကျပ် တစ်သိန်းနဲ့ ငှားရမ်း ဖြိုချခိုင်းတာ ဖြစ်ပါတယ်။ အုတ်နံရံဖြိုချစဉ် ကျော်ကျော် (၂၃ နှစ်) ဟာ ပြိုကျတဲ့ နံရံကြောင့် ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူ အပါအဝင် အိမ်ဖြိုချတဲ့ သုံးဦးစလုံးကို တိုက်နံရံအား လူ့အသက်သေဆုံးသည်အထိ ပေါ့လျော့စွာဖြိုဖျက်မှုနဲ့ ပုသိမ်းမြို့မ ရဲစခန်းက ရဲအုပ် ထိန်လင်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)