ရခိုင္ျပည္နယ္ လံုၿခံဳေရးသတင္းေတြ လက္မဦးႏိုင္လို႔ တာဝန္ရွိသူေတြကို အေရးယူမယ္

0
341

ရခိုင္ျပည္နယ္ အၾကမ္းဖက္ တိုက္ခိုက္ခံရမႈနဲ႔ ပတ္သက္လို႔ နယ္ေျမေဒသ လံုၿခံဳေရး ကြပ္ကဲစီမံ အုပ္ခ်ဳပ္ေဆာင္ရြက္မႈနဲ႔ လံုၿခံဳေရး သတင္းေတြ ႀကိဳတင္ လက္ဦး ေဖာ္ထုတ္ ရယူႏိုင္မႈ အားနည္းလို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြကို ေဖာ္ထုတ္ အေရးယူမယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က သတင္း ထုတ္ျပန္ထားပါတယ္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ေခါင္းေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔က ေအာက္တိုဘာ ၁၃ ရက္ကေန ႏိုဝင္ဘာ ၇ ရက္အထိ ေက်းရြာသူ ေက်းရြာသား ၃၂၁၇ ဦးနဲ႔ အသိသက္ေသ စုစုေပါင္း ၈၀၄ ဦးတို႔ရဲ႕ သက္ေသထြက္ဆိုခ်က္ေတြကို ရယူၿပီး သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၅ ရက္ေန႔က ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ေတြမွာ ရဲကင္းစခန္း ၃၀ နဲ႔ တပ္ရင္းဌာနခ်ဳပ္ တစ္ခုတို႔ကို ARSA အၾကမ္းဖက္အဖြဲ႔က တိုက္ခိုက္ခဲ့ပါတယ္။ အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ ေသဆံုးသူ ၁၆၅ ဦး၊ ဒဏ္ရာရသူ ၄၁ ဦး၊ ေပ်ာက္ဆံုးသူ ၂၁၉ ဦး ရွိခဲ့ပါတယ္။

ဖမ္းဆီးအေရးယူဖို႔ က်န္ရွိေနေသးတဲ့ ARSA အၾကမ္းဖက္သမားေတြကိုလည္း ဆက္လက္ ေဖာ္ထုတ္ ဖမ္းဆီးအေရးယူဦးမွာ ျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
………………… ။ ။ …………………..

ရခိုင်ပြည်နယ် လုံခြုံရေးသတင်းတွေ လက်မဦးနိုင်လို့ တာဝန်ရှိသူတွေကို အရေးယူမယ်

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နယ်မြေဒေသ လုံခြုံရေး ကွပ်ကဲစီမံ အုပ်ချုပ်ဆောင်ရွက်မှုနဲ့ လုံခြုံရေး သတင်းတွေ ကြိုတင် လက်ဦး ဖော်ထုတ် ရယူနိုင်မှု အားနည်းလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ကျေးရွာသူ ကျေးရွာသား ၃၂၁၇ ဦးနဲ့ အသိသက်သေ စုစုပေါင်း ၈၀၄ ဦးတို့ရဲ့ သက်သေထွက်ဆိုချက်တွေကို ရယူပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ရဲကင်းစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ် တစ်ခုတို့ကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၆၅ ဦး၊ ဒဏ်ရာရသူ ၄၁ ဦး၊ ပျောက်ဆုံးသူ ၂၁၉ ဦး ရှိခဲ့ပါတယ်။

ဖမ်းဆီးအရေးယူဖို့ ကျန်ရှိနေသေးတဲ့ ARSA အကြမ်းဖက်သမားတွေကိုလည်း ဆက်လက် ဖော်ထုတ် ဖမ်းဆီးအရေးယူဦးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)