ဘဂၤါလီေတြဟာ သူတို႔ဆႏၵအတိုင္း ထြက္ခြာတာလို႔ တပ္မေတာ္ သတင္းထုတ္ျပန္

0
287

ဘဂၤါလီ မြတ္စလင္ေတြဟာ သူတို႔ဆႏၵအတိုင္း ဘဂၤလားေဒ့ရွ္ဘက္ကို တစ္သုတ္ၿပီးတစ္သုတ္ ထြက္ေျပးခဲ့တာ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒု ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ေခါင္းေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔က ေအာက္တိုဘာ ၁၃ ရက္ကေန ႏိုဝင္ဘာ ၇ ရက္အထိ ေဒသခံ ေက်းရြာသူ ေက်းရြာသား ၃၂၁၇ ဦးနဲ႔ အသိသက္ေသ စုစုေပါင္း ၈၀၄ ဦးတို႔ရဲ႕ သက္ေသထြက္ဆိုခ်က္ေတြကို ရယူၿပီး သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။

သက္ေသထြက္ဆိုခ်က္ေတြအရ ARSA အၾကမ္းဖက္အဖြဲ႔ဟာ ေအာင္ျမင္မႈ မရတဲ့အတြက္ ေနအိမ္ေတြကို မီး႐ိႈ႕ကာ ဘဂၤလားေဒ့ရွ္ဘက္ အရင္ဆံုး ထြက္ေျပးေၾကာင္း၊ က်န္ရြာသားေတြကလည္း ၿခိမ္းေျခာက္မႈေၾကာင့္၊ မက္လံုးေပးစည္း႐ံုးမႈေၾကာင့္၊ အၾကမ္းဖက္ တိုက္ခိုက္မႈမွာ ကိုယ္တိုင္ပါဝင္သူေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြ ျဖစ္ေနတာေၾကာင့္၊ အေၾကာက္လြန္တာေၾကာင့္ သူတို႔အႏၵအတိုင္း ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးတာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
……………………. ။ ။ ……………………..

ဘင်္ဂါလီတွေဟာ သူတို့ဆန္ဒအတိုင်း ထွက်ခွာတာလို့ တပ်မတော် သတင်းထုတ်ပြန်

ဘင်္ဂါလီ မွတ်စလင်တွေဟာ သူတို့ဆန္ဒအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တစ်သုတ်ပြီးတစ်သုတ် ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ဒေသခံ ကျေးရွာသူ ကျေးရွာသား ၃၂၁၇ ဦးနဲ့ အသိသက်သေ စုစုပေါင်း ၈၀၄ ဦးတို့ရဲ့ သက်သေထွက်ဆိုချက်တွေကို ရယူပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

သက်သေထွက်ဆိုချက်တွေအရ ARSA အကြမ်းဖက်အဖွဲ့ဟာ အောင်မြင်မှု မရတဲ့အတွက် နေအိမ်တွေကို မီးရှို့ကာ ဘင်္ဂလားဒေ့ရှ်ဘက် အရင်ဆုံး ထွက်ပြေးကြောင်း၊ ကျန်ရွာသားတွေကလည်း ခြိမ်းခြောက်မှုကြောင့်၊ မက်လုံးပေးစည်းရုံးမှုကြောင့်၊ အကြမ်းဖက် တိုက်ခိုက်မှုမှာ ကိုယ်တိုင်ပါဝင်သူတွေရဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်နေတာကြောင့်၊ အကြောက်လွန်တာကြောင့် သူတို့အန္ဒအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)