အင္အား အခ်ိဳးမညီစြာ သံုးစြဲခဲ့ျခင္း မရွိဘူးလို႔ တပ္မေတာ္ သတင္းထုတ္ျပန္

0
314

ရခိုင္ျပည္နယ္ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ရာမွာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြဟာ စစ္ပြဲဆိုင္ရာ ဥပေဒမ်ားနဲ႔ အညီသာ ေဆာင္ရြက္ခဲ့ၿပီး အင္အား အခ်ိဳးမညီစြာ သံုးစြဲခဲ့ျခင္း (Use of excessive force) မရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒု ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ေခါင္းေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔က ေအာက္တိုဘာ ၁၃ ရက္ကေန ႏိုဝင္ဘာ ၇ ရက္အထိ ေက်းရြာသူ ေက်းရြာသား ၃၂၁၇ ဦးနဲ႔ အသိသက္ေသ စုစုေပါင္း ၈၀၄ ဦးတို႔ရဲ႕ သက္ေသထြက္ဆိုခ်က္ေတြကို ရယူၿပီး သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြဟာ အထက္က ထုတ္ျပန္တဲ့ အမိန္႔နဲ႔ ညႊန္ၾကားခ်က္ေတြအျပင္ အထူးသျဖင့္ မိမိကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္၊ လက္နက္ကိုင္ ပဋိပကၡနဲ႔ အၾကမ္းဖက္ တိုက္ဖ်က္ေရးတာဝန္ ထမ္းေဆာင္ရာမွာ လိုက္နာ က်င့္သံုးရမယ့္ ဥပေဒသ (Rule of Engagement – ROE) ပါ အခ်က္ေတြကိုလည္း ေခါင္းေဆာင္ပိုင္းကေန လက္ေအာက္ တပ္သားအဆင့္အထိ အေလးထား သိရွိလိုက္နာတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
……………………… ။ ။ ……………………….

အင်အား အချိုးမညီစွာ သုံးစွဲခဲ့ခြင်း မရှိဘူးလို့ တပ်မတော် သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ပွဲဆိုင်ရာ ဥပဒေများနဲ့ အညီသာ ဆောင်ရွက်ခဲ့ပြီး အင်အား အချိုးမညီစွာ သုံးစွဲခဲ့ခြင်း (Use of excessive force) မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ကျေးရွာသူ ကျေးရွာသား ၃၂၁၇ ဦးနဲ့ အသိသက်သေ စုစုပေါင်း ၈၀၄ ဦးတို့ရဲ့ သက်သေထွက်ဆိုချက်တွေကို ရယူပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အထက်က ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေအပြင် အထူးသဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်ရာမှာ လိုက်နာ ကျင့်သုံးရမယ့် ဥပဒေသ (Rule of Engagement – ROE) ပါ အချက်တွေကိုလည်း ခေါင်းဆောင်ပိုင်းကနေ လက်အောက် တပ်သားအဆင့်အထိ အလေးထား သိရှိလိုက်နာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)