
0
507



……………………. ။ ။ ……………………….

မြန်မာအသင်းနဲ့ အိန္ဒိယ အသင်း AFC နောက်ဆုံးအဆင့် ဘောလုံးပွဲ တိုက်ရိုက် ထုတ်လွှင့်မယ်

AFC Asian Cup UAE (2019) Qualifiers Final Round နောက်ဆုံးအဆင့် ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနဲ့ အိန္ဒိယ လက်ရွေးစင် ဘောလုံးအသင်းတို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဒီနေ့ည မြန်မာ စံတော်ချိန် ည ၉ နာရီမှာ အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ ဂျဝါဟာလာနေရူး အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ကစားမှုကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့ MRTV Digital Sports Channel တို့ကနေ ည ၈ နာရီ ၄၅ မိနစ်က စတင်ပြီး တိုရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)