NCA ၂ နွစ္ျပည့္ အပစ္မရပ္တပ္ဖြဲ႕ေတြ မတက္

0
422

တႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ NCA ၂ နွစ္ျပည့္အခမ္းအနားကို အစိုးရက အပစ္မရပ္တိုင္းရင္းသားတပ္ဖြဲ႔တို႔ကိုပါ ဖိတ္ၾကားေပမယ့္ အပစ္မရပ္တို႔က တက္ေရာက္မွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ၾကပါတယ္။

UNFC တပ္ေပါင္းစုက ဖိတ္ၾကားခ်ိန္ နီးကပ္လို႔ တက္ဖို႔ အဆင္မေျပဘူးလို႔ တုန္႔ျပန္ခဲ့ျပီး ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔ ၇ ခုကေတာ့ တပ္ေပါင္းစုအေနနဲ႔ မဖိတ္ဘဲ တဖြဲ႔ခ်င္းစီဖိတ္လို႔ မတက္ဘူးလို႔ သတင္းမီဒီယာကို ေျပာပါတယ္။

ေအာက္တိုဘာ ၁၅ ရက္မွာ က်င္းပျပဳလုပ္မယ့္ NCA ၂ ႏွစ္ျပည္hအခန္းအနားကို အရင္ႏွစ္ကလိုပဲ အပစ္ရပ္တိုင္းရင္းသားတပ္ဖြဲ႔ ၈ခု ပဲ တက္ေရာက္မွာ ျဖစ္ပါတယ္။

NCA ၂ ႏွစ္ျပည့္အခမ္းအနားမွာ ေဒၚေအာင္ဆန္းစုၾကည္၊ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေခါင္းေဆာင္တဦးတို႔က မိန္႔ခြန္းအသီးသီး ေျပာမွာျဖစ္ျပီး ႏွစ္ဘက္ ပူးတြဲေၾကညာ ခ်က္တေစာင္ ထုတ္ျပန္ဖို႔လည္း ရွိတယ္လို႔ တိုင္းရင္းသားတပ္ဖြဲ႔ေခါင္းေဆာင္တဦးက ေျပာပါတယ္။
…………………. ။ ။ …………………..

NCA ၂ နှစ်ပြည့် အပစ်မရပ်တပ်ဖွဲ့တွေ မတက်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ၂ နှစ်ပြည့်အခမ်းအနားကို အစိုးရက အပစ်မရပ်တိုင်းရင်းသားတပ်ဖွဲ့တို့ကိုပါ ဖိတ်ကြားပေမယ့် အပစ်မရပ်တို့က တက်ရောက်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။

UNFC တပ်ပေါင်းစုက ဖိတ်ကြားချိန် နီးကပ်လို့ တက်ဖို့ အဆင်မပြေဘူးလို့ တုန့်ပြန်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုကတော့ တပ်ပေါင်းစုအနေနဲ့ မဖိတ်ဘဲ တဖွဲ့ချင်းစီဖိတ်လို့ မတက်ဘူးလို့ သတင်းမီဒီယာကို ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပပြုလုပ်မယ့် NCA ၂ နှစ်ပြည်hအခန်းအနားကို အရင်နှစ်ကလိုပဲ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့ ၈ခု ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။

NCA ၂ နှစ်ပြည့်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တဦးတို့က မိန့်ခွန်းအသီးသီး ပြောမှာဖြစ်ပြီး နှစ်ဘက် ပူးတွဲကြေညာ ချက်တစောင် ထုတ်ပြန်ဖို့လည်း ရှိတယ်လို့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)