ရခုိင္ က်န္းမာေရးဖြံ႕ၿဖိဳးတက္မႈ စီမံကိန္း စတင္ၿပီလို႔ အစိုးရ ေၾကညာ

0
453

ရခုိင္ျပည္နယ္ က်န္းမာေရးဖြံ႕ၿဖိဳးတက္မႈစီမံကိန္း (Rakhine Health Development Plan) ကုိ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနၿပီ ျဖစ္တယ္လို႔ အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနနဲ႔ ကမၻာ့က်န္းမာေရးအဖြဲ႕တုိ႔ပူးေပါင္းျပီး စစ္ေတြ၊ ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားအတြက္ စုစုေပါင္း ေငြက်ပ္ ၁၆၃၇၆၁၅ဝဝ တန္ဖုိးရွိ ေဆးဝါး၊ ေဆးပစၥည္းမ်ားကုိ သုံးႀကိမ္ခြဲ ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသုိ႔ ေရႊ႕ေျပာင္းသြားၿပီး ရခုိင္ျပည္နယ္ အတြင္းသုိ႔ ျပည္လည္ဝင္ေရာက္လာတဲ့ ျပည္သူလူထုကုိ ျပန္လည္လက္ခံေရးစခန္းမ်ားမွာ ေရြ႕လ်ားေဆးခန္းမ်ားနဲ႔ ယာယီေဆးခန္းမ်ား ဖြင့္လွစ္ကုသေပးႏုိင္ေရးစီမံခ်က္ကုိ စီစဥ္ေဆာင္ရြက္ေနျပီလို႔လည္း အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။
…………………… ။ ။ ………………………

ရခိုင် ကျန်းမာရေးဖွံ့ဖြိုးတက်မှုစီမံကိန်း စတင်လို့ အစိုးရ ကြေညာ
ရခိုင်ပြည်နယ် ကျန်းမာရေးဖွံ့ဖြိုးတက်မှုစီမံကိန်း(Rakhine Health Development Plan) ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်းပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်များအတွက် စုစုပေါင်း ငွေကျပ် ၁၆၃၇၆၁၅ဝဝ တန်ဖိုးရှိ ဆေးဝါး၊ ဆေးပစ္စည်းများကို သုံးကြိမ်ခွဲ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားပြီး ရခိုင်ပြည်နယ် အတွင်းသို့ ပြည်လည်ဝင်ရောက်လာတဲ့ ပြည်သူလူထုကို ပြန်လည်လက်ခံရေးစခန်းများမှာ ရွေ့လျားဆေးခန်းများနဲ့ ယာယီဆေးခန်းများ ဖွင့်လှစ်ကုသပေးနိုင်ရေးစီမံချက်ကို စီစဉ်ဆောင်ရွက်နေပြီလို့လည်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)