တိုင်းရင်းသားတွေကိုသွေးခွဲဖို့ NCA နဲ့ ကစားတယ်ဆိုတာရှင်းတယ်ဟုဆို

0
297

တိုင်းရင်းသားတွေကိုသွေးခွဲဖို့အတွက် တနိုင်ငံလုံးအပစ်အခက်ရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ ကစားတယ်ဆိုတာရှင်းတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်မှာ အမျိုးသမီးများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောကြားလိုက်တာပါ။

12106935_687833444694343_4260641606027159794_n

အစိုးရအနေနဲ့ လက်မှတ်ရေးထိုးဖို့ ကြေငြာပြီးနောက်ပိုင်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေကို တပ်အင်အား အများအပြားစေလွှတ်ခဲ့ပြီး ထိုးစစ်သစ် စတင်ခဲ့ခြင်းတာကြောင့် ဒုက္ခသည် ၂ သိန်း ကို ထပ်မံတိုးပွားစေခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

နိုင်တကာအသိုင်းအ၀ိုင်းအနေနဲ့လည်း အစိုးရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်ထောက်ခံမှုများလာခြင်းနဲ့ နိုင်ငံတလွှားရွှေ့ပြောင်း ဒုက္ခသည်တွေအတွက် နောက်ထပ်ရံပုံငွေ ဖြတ်တောက်မှုတွေကို ဖြစ်ပေါ်စေပြီး အတင်းအဓမ္မနေရပ်ပြန်ပို့မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ပဋိပက္ခဒေသတွေရှိ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို ကျော်လွန်ပြီး အစိုးရနဲ့ ဆက်ဆံရေးကို ဦးစားပေးနေတာတွေကို ရပ်တန့်ဖို့ကိုလည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကတောင်းဆိုလိုက်တာပါ။

အလှူရှင်တွေအနေနှင့် အစိုးရရဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ကို အကြွင်းမဲ့ ထောက်ခံနေတာတွေကို ပြန်လည်သုံးသပ်ပြီး အစိုးရအား စစ်ရေးထိုးစစ်တွေကို နိုင်ငံရေးဆွေးနွေးပွဲများအကြိုအနေနဲ့ ရုတ်သိမ်းရန်၊ ဖိအားစတင်ပေးဖို့ တောင်းဆို ကြောင်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)