
0
206





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာလုပ်ငန်းရှင်ဆုအတွက် လျှောက်ထားသူ အရင်နှစ်ထက် နှစ်ဆကျော်တိုးလာ

JobNet.com.mm က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာလုပ်ငန်းရှင်ဆုအတွက် ပါဝင်လျှောက်ထားသူဦးရေ အရင်ထက် နှစ်ဆကျော် မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လုပ်ငန်းရှင် ၁၃၀ ကျော်သာ ရှိခဲ့ပေမယ့် အခုနှစ် လျှောက်ထားသူ ဦးရေ ၂၇၇ ဦး ရှိလာခဲ့တာ ဖြစ်တယ်လို့ JobNet.com.mm က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်ဝန်းကျင်၊ ယဉ်ကျေးမှု စတာတွေ ပါဝင်တဲ့ လူ့အစွမ်းအား အရင်းအမြစ်ဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ကျင်းပတာ ဖြစ်တယ်လို့ JobNet.com.mm ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

လက်ရှိမှာ လျှောက်ထားမှုတွေ ပြုလုပ်ထားတဲ့ ကုမ္ပဏီတွေထဲကမှ အကောင်းတကာ့ အကောင်းဆုံး ကုမ္ပဏီတွေကို ရွေးချယ်ပြီး လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာဆုတွေ ပေးအပ်သွားချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)