Facebook အပိတ္ခံရတဲ့ စစ္ဘက္ဆိုင္ရာ အေကာင့္ေတြ ႐ုရွား လူမႈကြန္ရက္ကို စိတ္ဝင္စား

0
236

စစ္ဘက္ဆိုင္ရာ အေကာင့္ေတြကို Facebook က ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း ပိတ္သိမ္းလိုက္တဲ့အတြက္ ႐ုရွား လူမႈကြန္ရက္ျဖစ္တဲ့ VK ကို စိတ္ဝင္စားက ေျပာင္းသံုးေနၾကတယ္လို႔ ဂလိုဘယ္ ဗြိဳက္စ္သတင္းက ေဖာ္ျပပါတယ္။

VK ကို ပါဗယ္ ဒူေရာ့ဗ္က တည္ေထာင္တာ ျဖစ္ၿပီး ႐ုရွားႏိုင္ငံမွာ လူႀကိဳက္အမ်ားဆံုး လူမႈကြန္ရက္တစ္ခုျဖစ္ကာ အေရွ႕ဥေရာပ ႏိုင္ငံေတြမွာလည္း အသံုးမ်ားပါတယ္။ ဒါေမယ့္ Facebook ေလာက္ေတာ့ ကမာၻနဲ႔ခ်ီ တြင္က်ယ္ျခင္း မရွိပါဘူး။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ျမဝတီ သတင္းဌာနတို႔ရဲ႕ အေကာင့္ေတြ အပါအဝင္ Follower ေပါင္း ၁၂ သန္းေလာက္ရွိတဲ့ Facebook အေကာင့္ ၁၈ ခု၊ အင္စတာဂရမ္ အေကာင့္ ၁ ခုနဲ႔ Facebook Page ၅၂ ခုတို႔ကို ဖ်က္သိမ္းလိုက္တယ္လို႔ Facbook က ၾသဂုတ္လမွာ တရားဝင္ ေၾကညာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Facebook အပိတ်ခံရတဲ့ စစ်ဘက်ဆိုင်ရာ အကောင့်တွေ ရုရှား လူမှုကွန်ရက်ကို စိတ်ဝင်စား

စစ်ဘက်ဆိုင်ရာ အကောင့်တွေကို Facebook က ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရုရှား လူမှုကွန်ရက်ဖြစ်တဲ့ VK ကို စိတ်ဝင်စားက ပြောင်းသုံးနေကြတယ်လို့ ဂလိုဘယ် ဗွိုက်စ်သတင်းက ဖော်ပြပါတယ်။

VK ကို ပါဗယ် ဒူရော့ဗ်က တည်ထောင်တာ ဖြစ်ပြီး ရုရှားနိုင်ငံမှာ လူကြိုက်အများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်ကာ အရှေ့ဥရောပ နိုင်ငံတွေမှာလည်း အသုံးများပါတယ်။ ဒါမေယ့် Facebook လောက်တော့ ကမ္ဘာနဲ့ချီ တွင်ကျယ်ခြင်း မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြဝတီ သတင်းဌာနတို့ရဲ့ အကောင့်တွေ အပါအဝင် Follower ပေါင်း ၁၂ သန်းလောက်ရှိတဲ့ Facebook အကောင့် ၁၈ ခု၊ အင်စတာဂရမ် အကောင့် ၁ ခုနဲ့ Facebook Page ၅၂ ခုတို့ကို ဖျက်သိမ်းလိုက်တယ်လို့ Facbook က သြဂုတ်လမှာ တရားဝင် ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)