မွတ္ပုံတင္ကတ္ေတြကုိ အီလက္ထေရာနစ္စနစ္သုံး ID ကတ္အျဖစ္ ေျပာင္းဖို႔ ေဆာင္ရြက္ေန

0
280

ျမန္မာႏိုင္ငံသား မွတ္ပုံတင္ကတ္ေတြကုိ အီလက္ထေရာနစ္ စနစ္သုံး ID ကတ္အျဖစ္ ေျပာင္းလဲအသုံးျပဳႏိုင္ဖုိ႔ ကြ်မ္းက်င္ပညာရွင္ေတြနဲ႔ အႀကံေပးပုဂၢဳိလ္ေတြ ငွားရမ္းၿပီး လုပ္ေဆာင္သြားမယ္လို႔ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက မီဒီယာေတြနဲ႔ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံအတြင္း ေနထုိင္ေနသူေတြရဲ႕ အခ်က္အလက္ေတြကုိ ယူနစ္ ID နံပါတ္ေတြနဲ႔ ထိန္းသိမ္းၿပီး အစုိးရအဖြဲ႔အစည္းအားလုံး မ်ွေဝသုံးစြဲနုိင္မယ့္ အီလက္ထေရာနစ္စနစ္သုံး ID ကုိ အသုံးျပဳနုိင္ဖုိ႔ သက္ဆုိင္ရာ တုိင္းနဲ႔ျပည္နယ္ အသီးသီးမွာ လုပ္ငန္းေကာ္မတီေတြဖြဲ႔စည္းၿပီး အခ်ိန္နဲ႔တေျပးညီ လုပ္ေဆာင္သြားမွာလညး္ ျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD)အစုိးရ လက္ထက္မွာ ႏိုင္ငံသား စိစစ္ေရးကတ္ျပားေတြကုိ နုိင္ငံတကာအဆင့္မီ ေျပာင္းလဲ ထုတ္လုပ္ေပးနုိင္ဖို႔ ကမာၻ႔ဘဏ္အပါအဝင္ တျခားအဖြဲ႔အစည္းေတြနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ အေတြ႔အႀကံဳေတြကုိ ရယူၿပီး ေလ့လာစမ္းသပ္မႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မှတ်ပုံတင်ကတ်တွေကို အီလက်ထရောနစ်စနစ်သုံး ID ကတ်အဖြစ် ပြောင်းဖို့ ဆောင်ရွက်နေ

မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်တွေကို အီလက်ထရောနစ် စနစ်သုံး ID ကတ်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အကြံပေးပုဂ္ဂိုလ်တွေ ငှားရမ်းပြီး လုပ်ဆောင်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံအတွင်း နေထိုင်နေသူတွေရဲ့ အချက်အလက်တွေကို ယူနစ် ID နံပါတ်တွေနဲ့ ထိန်းသိမ်းပြီး အစိုးရအဖွဲ့အစည်းအားလုံး မျှဝေသုံးစွဲနိုင်မယ့် အီလက်ထရောနစ်စနစ်သုံး ID ကို အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လုပ်ငန်းကော်မတီတွေဖွဲ့စည်းပြီး အချိန်နဲ့တပြေးညီ လုပ်ဆောင်သွားမှာလညး် ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရ လက်ထက်မှာ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေကို နိုင်ငံတကာအဆင့်မီ ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ရယူပြီး လေ့လာစမ်းသပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)