
0
210




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters အရေး ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် မယုံကြည်စရာဘဲလို့ အမေရိကန် ပြော

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သတင်းထောက်ဖြစ်လို့ မဟုတ်ဘဲ ဥပဒေချိုးဖောက်လို့ ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်ဆိုတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ဟာ မယုံကြည်စရာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင် အမေရိကန် သံအမတ် နစ်ကီ ဟာလေက ပြောပါတယ်။

ပထမတစ်ကြိမ်တုန်းက ဘင်္ဂါလီတွေနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲပတွေ လုပ်ရပ်ကို ငြင်းတယ်၊ အခု ထောင်ဒဏ် ချမှတ်ခံရတဲ့ Reuters သတင်းထောက်တွေကိစ္စကို ဆုံးဖြတ်ပြောဆိုတာ မယုံကြည်စရာပါပဲလို့ နစ်ကီ ဟာလေက Twitter မှာ ရေးသေားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင်ရ အမျိုးသမီး ဟီသာ နုအတ်ကလည်း ဝါရှင်တန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အများအပြားကို သဘောမတူကြောင်း၊ Reuters သတင်းထောက်တွေကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)