ေဒၚေအာင္ဆန္းစုၾကည္ကို ေဝဖန္တိုက္ခိုက္တာေတြ မလုပ္ၾကဖို႔ ရန္ကုန္ ကက္သလစ္ ဂိုဏ္းခ်ဳပ္ ေျပာ

0
446

ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈ၊ မြတ္စလင္ေတြ ထြက္ေျပးေနမႈကို အစိုးရက ဝင္ေရာက္ တားဆီးဖို႔ သူလည္း တိုက္တြန္းေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေနအထားနဲ႔ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို နားလည္ဖို႔ တိုက္တြန္းတယ္လို႔ ရန္ကုန္ ကက္သလစ္ ဂိုဏ္းခ်ဳပ္ ကာဒီနယ္ ဘုန္းေတာ္ႀကီး ခ်ားလ္စ္ ေမာင္ဘိုက ေျပာဆိုလိုက္ပါတယ္။

မြတ္စလင္အေရးဟာ ႏွစ္နဲ႔ခ်ီၿပီး ၾကာေနတဲ့ မတရားျပဳမႈနဲ႔ လ်စ္လ်ဴ႐ႈထားမႈေၾကာင့္ ႀကီးထြားလာတဲ့ ကိစၥျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဟာ ႀကိဳးတန္းေပၚမွာ လမ္းေလွ်ာက္ေနရတာ ျဖစ္တယ္လို႔ Time မဂၢဇင္းရဲ႕ ေမးျမန္းခ်က္ကို အီးေမးလ္နဲ႔ ေျဖၾကားရာမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာႏိုင္ငံရဲ႕ ေမွ်ာ္လင့္ခ်က္ ျဖစ္ေနတုန္းပဲလို႔လဲ ကာဒီနယ္ ဘုန္းေတာ္ႀကီး ခ်ားလ္စ္ ေမာင္ဘိုက ေျပာပါတယ္။ မီဒီယာေတြကေနတဆင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ႈတ္ခ်ေနျခင္းနဲ႔ တိုက္ခိုက္ေဝဖန္ေနျခင္းေတြဟာ ေရရွည္အတြက္ အေျဖမဟုတ္ဘူးလို႔လည္း ဘုန္းေတာ္ႀကီးက ေျပာဆိုလိုက္ပါတယ္။
…………………………………..။ ။ ………………………………..

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ပြော

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု၊ မွတ်စလင်တွေ ထွက်ပြေးနေမှုကို အစိုးရက ဝင်ရောက် တားဆီးဖို့ သူလည်း တိုက်တွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နားလည်ဖို့ တိုက်တွန်းတယ်လို့ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ပြောဆိုလိုက်ပါတယ်။

မွတ်စလင်အရေးဟာ နှစ်နဲ့ချီပြီး ကြာနေတဲ့ မတရားပြုမှုနဲ့ လျစ်လျူရှုထားမှုကြောင့် ကြီးထွားလာတဲ့ ကိစ္စဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတာ ဖြစ်တယ်လို့ Time မဂ္ဂဇင်းရဲ့ မေးမြန်းချက်ကို အီးမေးလ်နဲ့ ဖြေကြားရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက် ဖြစ်နေတုန်းပဲလို့လဲ ကာဒီနယ် ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ပြောပါတယ်။ မီဒီယာတွေကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချနေခြင်းနဲ့ တိုက်ခိုက်ဝေဖန်နေခြင်းတွေဟာ ရေရှည်အတွက် အဖြေမဟုတ်ဘူးလို့လည်း ဘုန်းတော်ကြီးက ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)