ရခိုင္ျပည္နယ္ လူမ်ိဳးတံုးသတ္ျဖတ္မႈေရးလို႔ ျမန္မာက ဘဂၤလားေဒ့ရွ္ကို ကန္႔ကြက္

0
305

ဘဂၤလားေဒ့ရွ္နိုင္ငံထုတ္ သတင္းစာတခ်ဳိ႕မွာ ရခိုင္မွာ လူမ်ိဳးတံုးသတ္ျဖတ္ေနမႈလို႔ စြတ္စြဲေရးသားေနတာကို ျမန္မာအစိုးရက ကန္႔ကြက္ခဲ့ပါတယ္။

စက္တင္ဘာ ၁၂ ရက္ေန႔က နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္တင္နဲ႔ ျမန္မာနိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီး H.E. Mr. Mohammand Sufiur Rahmanတို႔ ေတြ႔ဆံုတုန္း ဒု၀န္ၾကီးက ကန္႔ကြက္ခဲ့တာ ျဖစ္ပါတယ္။

ဒု၀န္ၾကီးက ဘဂၤလားေဒ့ရွ္နိုင္ငံထုတ္ သတင္းစာအခ်ဳိ႕မွာ ရခိုင္ျပည္နယ္ ေမာင္ေတာမွာ ျဖစ္ပြားေနတဲ့ ျပႆနာရပ္မ်ားကို လူမ်ိဳးတံုးသတ္ျဖတ္ေနမႈလို႔ စြပ္စြဲေရးသားေဖာ္ျပခဲ့ျခင္းနဲ႔ ပတ္သက္ျပီး ႏွစ္ႏိုင္ငံဆက္ဆံ ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးကို အဟန္႔အတားျဖစ္ေစ ႏိုင္တဲ့အတြက္ ကန္႔ကြက္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရခိုင္အေရးနဲ႔ပတ္သက္ျပီး နိုင္ငံတကာရဲ႕ ဖိအားေပးမႈကို အသံုးျပဳျခင္းထက္ ႏွစ္ႏိုင္ငံအၾကား ထိေတြ႔ညွိႏႈိင္းေဆြးေႏြးျခင္းနဲ႔ ေျဖရွင္းဖို႔ ၊ ႏွစ္ႏိုင္ငံအၾကားရွိျပီးျဖစ္တဲ့ ေဆြးေႏြးမႈယနၱရားမ်ား ျပန္လည္က်င္းပဖို႔၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္ရြက္မႈမ်ားျပဳလုပ္ဖို႔၊ သတင္းအခ်က္အလက္ ဖလွယ္ေရး ၊ နယ္စပ္ဆက္သြယ္ေရး႐ံုးမ်ား ဖြင့္လွစ္ေရးကိစၥ၊ နယူးေယာက္ၿမိဳ႕မွာ ဝန္ႀကီးအဆင့္ နွစ္နိုင္ငံခ်င္း ေတြ႔ဆံုေရး ကိစၥရပ္မ်ားအေပၚ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ႏိုင္ငံျခားေရးသတင္းမွာ ေဖာ္ျပပါတယ္။
(USA)
……………………………။ ။ ……………………………

ရခိုင်ပြည်နယ် လူမျိုးတုံးသတ်ဖြတ်မှုရေးလို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ကန့်ကွက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတချို့မှာ ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်နေမှုလို့ စွတ်စွဲရေးသားနေတာကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Mohammand Sufiur Rahmanတို့ တွေ့ဆုံတုန်း ဒုဝန်ကြီးက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဒုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာအချို့မှာ ရခိုင်ပြည်နယ် မောင်တောမှာ ဖြစ်ပွားနေတဲ့ ပြဿနာရပ်များကို လူမျိုးတုံးသတ်ဖြတ်နေမှုလို့ စွပ်စွဲရေးသားဖော်ပြခဲ့ခြင်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံ ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် ကန့်ကွက်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အသုံးပြုခြင်းထက် နှစ်နိုင်ငံအကြား ထိတွေ့ညှိနှိုင်းဆွေးနွေးခြင်းနဲ့ ဖြေရှင်းဖို့ ၊ နှစ်နိုင်ငံအကြားရှိပြီးဖြစ်တဲ့ ဆွေးနွေးမှုယန္တရားများ ပြန်လည်ကျင်းပဖို့၊
အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့၊ သတင်းအချက်အလက် ဖလှယ်ရေး ၊ နယ်စပ်ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ရေးကိစ္စ၊ နယူးယောက်မြို့မှာ ဝန်ကြီးအဆင့် နှစ်နိုင်ငံချင်း တွေ့ဆုံရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။ (USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)