SME Working Committee ဖြဲ႕စည္း တည္ေထာင္ဖို႔ ရွိ

0
307

အစိုးရအေနနဲ႔ မၾကာခင္မွာ SME working Committee ဖြဲ႕စည္းမွာျဖစ္ျပီး SME Agency ဆိုတာလည္း တည္ေထာင္ဖို႔ရွိတယ္လို႔ စက္မႈ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးကိုကိုလြင္ က ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ကလုပ္ခဲ့တဲ့ Myanmar Global Investment Forum -2017 ဒုတိယေန႔မွာ ေျပာခဲ့တာျဖစ္ျပီး ဒုတိယေန႔ဖိုရမ္မွာ ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္မႈ ဆိုတဲ့ ေခါင္းစဥ္နဲ႔လည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကတယ္လို႔ စီးပြားကူးသန္းသတင္းမွာ ေဖာ္ျပပါတယ္။

အၿမဲတမ္းအတြင္း၀န္ ဦးကိုကိုလြင္ က “အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းရွင္ (SME) ေတြအတြက္ အဖြဲ႔၀င္ ကတ္ေတြ ထုတ္ေပးေနပါတယ္။ အစိုးရအေနနဲ႔ မၾကာခင္မွာ SME working Committee ဖြဲ႕ပါမယ္။ SME Agency ဆိုတာလည္း လာပါမယ္။ အေသးစားအလတ္စား စီးပြားေရး လုပ္ငန္းရွင္ေတြအေနနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္မယ္ဆိုရင္ ေအာင္ျမင္မွာပါ။ ကၽြန္ေတာ္တို႔ အစိုးရအေနနဲ႔ကေတာ့ ႏိုင္ငံေတာ္အႀကီးအကဲေတြရဲ႕ လမ္းညႊန္ခ်က္ အရ အစြမ္း ကုန္ကူညီသြားမွာျဖစ္ပါတယ္” လို႔ ဖိုရမ္မွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဖိုရမ္ကို ျမန္မာစီမံဘ႑ာဌာနနဲ႔ ေဟာင္ေကာင္အေျခစိုက္ Euromoney Institutional Investor (Asia) တို႔ ပူးေပါင္းျပဳလုပ္တာျဖစ္ျပီး ႏိုင္ငံတကာ ကြၽမ္းက်င္သူေတြနဲ႔ ျမန္မာအစိုးရတာ၀န္ရွိသူေတြ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။
(USA)
……………………………..။ ။ ………………………………

SME working Committee ဖွဲ့စည်းတည်ထောင်ရန်ရှိ

အစိုးရအနေနဲ့ မကြာခင်မှာ SME working Committee ဖွဲ့စည်းမှာဖြစ်ပြီး SME Agency ဆိုတာလည်း တည်ထောင်ဖို့ရှိတယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင် က ပြောပါတယ်။
စက်တင်ဘာ ၁၃ရက်ကလုပ်ခဲ့တဲ့ Myanmar Global Investment Forum -2017 ဒုတိယနေ့မှာ ပြောခဲ့တာဖြစ်ပြီး ဒုတိယနေ့ဖိုရမ်မှာ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း ထဲ့သွင်းဆွေးနွေးခဲ့ကြတယ်လို့ စီးပွားကူးသန်းသတင်းမှာ ဖော်ပြပါတယ်။
အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင် က “အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင် (SME) တွေအတွက် အဖွဲ့ဝင် ကတ်တွေ ထုတ်ပေးနေပါတယ်။ အစိုးရအနေနဲ့ မကြာခင်မှာ SME working Committee ဖွဲ့ပါမယ်။ SME Agency ဆိုတာလည်း လာပါမယ်။ အသေးစားအလတ် စားစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်ဆိုရင် အောင်မြင်မှာ ပါ။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက် အရ အစွမ်း ကုန်ကူညီသွားမှာဖြစ်ပါတယ်” လို့ ဖိုရမ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဖိုရမ်ကို မြန်မာစီမံဘဏ္ဍာဌာနနဲ့ ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)