မြန်မာနိုင်ငံရဲ့ ကိုဗစ် တိုက်ဖျက်ရေးကို ဗီယက်နမ်က အမေရိကန် ဒေါ်လာ ၅ သောင်း ကူညီ

0
304

မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကို အားပေးတဲ့အနေနဲ့ ဗီယက်နမ်အစိုးရက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို အကူအညီအဖြစ် ပေးအပ်လှူဒါန်းခဲ့တယ်။ 

ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Ly Quoc Tuan ကတဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။ 

Vietnam Ambassador Ly Quoc Tuan (L) presents US$50,000 as a gift of the Vietnamese Government to Myanmar. (Photo: VOV) 

ဒါ့အပြင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စားလှယ်တွေကလည်း ဆေးပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးပစ္စည်း အကူအညီတွေကို ပေးအပ်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Ly Quoc Tuan ကတော့ ဗီယက်နမ်အစိုးရနဲ့ ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် ရိုးသားစွာ ထောက်ခံအားပေးမှုနဲ့ ၄၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြား ပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အခုအကူအညီတွေဟာ ထင်ရှားစွာ ပြသလိုက်တာလို့ ပြောပါတယ်။ 

ကျန်းမာရေး ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းကလည်း အခုအလို ဓိပ္ပါယ်ရှိတဲ့ အကူအညီအတွက် အထူးကျေးဇူးတင် ရှိပါကြောင်းနဲ့  ဗီယက်နမ်နိုင်ငံရဲ့ အောင်မြင်တဲ့ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ကျတဲ့ အတွေ့အကြုံတွေအဖြစ် အမြဲတမ်းနီးကပ်စွာ စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုတာပါ။ 

လက်ရှိအခြေအနေမှာတော့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၃ ဦး ရှိခဲ့ကာ သေဆုံး မရှိပဲ ပြန်လည်ကျန်းမာလာသူ ၃၅၂ ဦးရှိနေတာပါ။ 

မြန်မာနိုင်ငံမှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့ခင်းပိုင်းအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၆ ဦး ရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ ၆ ဦး ရှိခဲ့ကာ ပြန်လည်ကျန်းမာလာသူ ၂၆၁ ဦးရှိတယ်လို့ အစိုးရရဲ့ တရားဝင် သတင်းအချက်အလက်တွေက ဖော်ပြနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)