ရန်ကုန် ဆေးလိပ်ငွေ့ကင်းစင်ရေး ကျောက်တံတားမြို့နယ်က စတင်မယ်

0
348

ရန်ကုန်မြို့မှာ ဆေးလိပ် ကင်းစင်နယ်မြေတွေ ဖော်ထုတ်ရေး လုပ်ဆောင်ရာမှာ ကျောက်တံတား မြို့နယ်က စတင်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန် စည်ပင် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေ ထူထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားတာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခွင့်ကို ပန်းခြံ၊ ဈေး၊ ဟိုတယ်၊ အဲယားကွန်းတပ် ဈေးဝယ်စင်တာ၊ အစိုးရရုံး၊ ဘုရားစေတီ၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံတွေမှာ ပိတ်ပင်သွာမှာ ဖြစ်ပါတယ်။

ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်မှု ဥပဒေကို ၂၀၀၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး အသေးစိတ် ဖော်ပြထားပေမယ့် ပညာပေးမှု အားနည်းနေတဲ့အတွက် အခု အစိုးရသစ်လက်ထက်မှာ ဦးစားပေး ဆောင်ရွက်မယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)