နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ ဂျာမနီက လာဆွေးနွေး

0
322

အမေရိကန် ဒေါ်လာ သန်း ၂၃၀ ရင်းနှီးမြှုပ်နှံပြီး နေရောင်ခြည်စွမ်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ ဂျာမနီက ပဲခူးတိုင်း ဝန်ကြီးချုပ်နဲ့ လာရောက်ဆွေးနွေးပါတယ်။

မနေ့က ဇွန်လ ၁၃ ရက်နေ့က ဂျာမနီ အခြေစိုက် TCP Asia Pacific ကုမ္ပဏီ လီမိတက်ရဲ့ CEO ဖြစ်သူ ဒေါက်တာ ဒီယက်တ်မာ ဂနက်ဇ် က လျှပ်စစ်စွမ်းအင်တွေကို ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy Photovoltaic Solar) စနစ်နဲ့ ထုတ်လုပ်ဖို့ ပဲခူးတိုင်း ဝန်ကြီးချုပ်နဲ့ လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။

ရဲနွယ်တမံ၊ ရွှေကျင်ရေအားလျှပ်စစ် စီမံကိန်း ဆည်ရေပြင်တွေနဲ့ ညောင်လေးပင်မြို့နယ် သာယာကုန်း ကျေးရွာ အနီးက မြေဧရိယာ ၈၈၀ ပေါ်မှာ ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူကာ ပြည်ထောင်စု လျှပ်စစ်ဓာတ်အားလိုင်းပေါ် ချိတ်ဆက်မယ့် စီမံကိန်း ဖြစ်ပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်က သူ့တို့ အစိုးရအဖွဲ့အနေနဲ့ ကန့်ကွက်ဖို့ မရှိကြောင်းနဲ့ သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လိုတယ်လို့ ပြောကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)