အမျိုးသားရေးအတွက် စိတ်ပူပန်နေရတဲ့ အချိန်ကာလလို့ USDP ပြော

0
294

ယနေ့ အချိန်အခါဟာ အမျိုးသားရေးအတွက် စိတ်ပူပန်နေရတဲ့ အချိန်ကာလ တစ်ခုဖြစ်လို့ နိုင်ငံ၊ လူမျိုးနဲ့ အချုပ်အခြာအာဏာ မပျောက်ပျက်ဖို့ ကာကွယ်ရမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ USDP ဌာနချုပ်မှာ ပြုလုပ်တဲ့ ဦးသန်းဌေးနဲ့ စာရေးဆရာ၊ ဆရာမများ တွေ့ဆုံပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အမျိုးသားရေး တာဝန်ကျေရမယ်လို့ ခံယူထားလို့ အခုလို တွေ့ဆုံပွဲလုပ်တာဖြစ်ကြောင်းနဲ့ စာရေးဆရာ၊ ဆရာမတွေလည်း အမျိုးသားရေး သွေးမအေးကြစေလိုဘူးလို့လည်း ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)