မလေးရှားမှာ မြန်မာ ၂ ဦး လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲခံရ

0
313

မလေးရှားနိုင်ငံ၊ ခွန်တန်မြို့မှာ မြန်မာ နှစ်ဦး ရဲတစ်ဦးကို ဇွန်လ အစောပိုင်းတုန်းက လာဘ်ပေးမှု၊ ဥပဒေချိုးဖောက်ရေး အားပေးအားမြှောက် ပြုမှုတွေနဲ့ တရားစွဲခံရပါတယ်။

ပီတာသန်းမောင် (၃၅ နှစ်) နဲ့ အမျိုးသမီးတစ်ဦး ဖြစ်သူ လနွန်ဆန်းဂီ (၂၀ နှစ်) တို့ဟာ ဇွန်လ ၈ ရက်နေ့မနက်ပိုင်းတုန်းက ရဲတစ်ဦးကို လာဘ်ထိုးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ UNHCR က ထုတ်ပေးတဲ့ ဒုက္ခသည်ကတ်နဲ့ ချင်း ဒုက္ခသည်များ မဟာမိတ် (ACR) က ထုတ်ပေးတဲ့ ကတ်တွေ ကိုင်ထားပါတယ်။ မနှစ်က စက်တင်ဘာ ၂၂ ရက်မှာ သက်တမ်းကုန်သွားတဲ့ လနွန်ဆန်းဂီရဲ့ ACR ကတ်နဲ့ ပတ်သက်လို့ အရေးမယူဖို့ စားပွဲထိုးဖြစ်သူ ပီတာသန်းမောင်က ရဲတစ်ဦးကို မလေး ရင်းဂစ် ၄၀၀ လာဘ်ထိုးဖို့ ကြိုးစားခဲ့လို့ အရေးယူခံရတာ ဖြစ်ပါတယ်။

မလေးရှား ဥပဒေအရဆိုရင် ဒီလို လာဘ်ထိုးမှုဟာ ထောင် အနှစ် ၂၀ အထိ ကျနိုင်ပြီး လာဘ်ထိုးတဲ့ ငွေရဲ့ ငါးဆထက် မပိုတဲ့ ဒဏ်ငွေ ဆောင်ရမှာ ဖြစ်ပါတယ်။ စားပွဲထိုး အလုပ်လုပ်သူ လနွန်ဆန်းဂီကတော့ လာဘ်ထိုးဖို့ အားပေးအားမြှောက် ပြုမှုနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)