မသန်စွမ်းသူတွေ အလုပ်အကိုင် အဟန့်အတား ဖြစ်မယ့် ညွှန်ကြားစာ ပညာရေးဝန်ကြီးဌာန စိစစ် ရုပ်သိမ်းမယ်

0
371

မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိစေနိုင်မယ့် အခွင့်အလမ်းအတွက် အဟန့်အတား ဖြစ်စေမယ့် ဒီမိုကရေစီ နည်းမကျတဲ့ အမိန့်ညွှန်ကြားစာတွေကို ပညာရေး ဝန်ကြီးဌာနက ပြန်လည် စိစစ် ရုပ်သိမ်းတာ၊ ပြင်ဆင်ဖြေလျှော့တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မနေ့ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကျောက်တန်းမဲဆန္ဒနယ် အမတ် ဒေါ်အေးမြမြမျိုးရဲ့ မသန်စွမ်းသူတွေ အလုပ်အကိုင် အခွင့်အလမ်းကို ဟန့်တားနေတဲ့ အမိန့်ညွှန်ကြားစာတွေ ပြန်လည် ရုပ်သိမ်းဖို့ ရှိ၊ မရှိ မေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်မြတ်အေးက ဖြေကြားသွားတာ ဖြစ်ပါတယ်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေနဲ့ လုပ်ငန်းသဘောအရ ကယနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ပါဝင်တဲ့အတွက် ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမယ်လို့ ပါရှိကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးမှာ မသန်စွမ်းသူ ၆၄ ဦးကို ခန့်ထားကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက လွှဲပေးတဲ့ ပင်စင်စား မသန်းစွမ်း တပ်မတော်သားတွေကိုလည်း ခန့်ထားပေးကြောင်းနဲ့ အခွန်သက်သာခွင့်ကိုတော့ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းပြီးရင် ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးက ထည့်သွင်း ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)