နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ဥပဒေပြဌာန်းဖို့ရှိ

0
296

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ဆိုင်ရာဥပဒေ မကြာခင်မှာ ပြဌာန်းဖို့ ရှိနေတယ်လို့ NLD အစိုးရက ပြောကြားလိုက်ပါတယ်။

(သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

ဇွန် ၁၃ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂) မှာကျင်းပပြုလုပ်တဲ့ (TVET) ဒေသတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဆိုင်ရာ ညီလာခံအပြီးမှာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အဲဒီလိုပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ အစိုးရအနေနဲ့ ဥပဒေထွက်ရှိဖို့ မူကြမ်း ရေးဆွဲထားပြီးဖြစ်သလို မကြာခင် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်နေတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဥပဒေပြဌာန်းပြီးရင် အလုပ်သမားဝန်ကြီးဌာနမှာရှိတဲ့ လုပ်သား ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)