ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ကြိုးစားခဲ့လဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
303

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဘယ်တော့ ရမလဲလို့ အမေးခံရတာတွေကို အဲဒီတွေရဖို့ ဘယ်လောက် ကြိုးစားခဲ့သလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါလို့ ဖြေခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရောက် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်ရေးမှာ ကျွန်တော်တို့ ဘာလုပ်ဆောင်ပေးနိုင်မလဲလို့ မေးလာရင်တော့ အလွန် ကျေးဇူးတင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို မရနိုင်သေးသရွေ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် မထူထောင်နိုင်ဘူးလို့လည်း သူမက ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)