မသန်စွမ်းသူများအကျုံးဝင် ရွေးကောက်ပွဲဆိုင်ရာ မီဒီယာဆု ပြိုင်ပွဲဝင်တွေ ဖိတ်ခေါ်

0
351

မသန်စွမ်းသူများအကျုံးဝင် ရွေးကောက်ပွဲဆိုင်ရာ YUSDIANA မီဒီယာဆုအတွက် ပြိုင်ပွဲဝင်တွေကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။

မသန်စွမ်းသူများ အကျုံးဝင် ရွေးကောက်ပွဲ သတင်းဆု၊ ဆောင်းပါးဆုနဲ့ ဓာတ်ပုံဆုတွေကို ဖိတ်ခေါ်ထားတာပါ။

ဒီပြိုင်ပွဲကို  သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုနဲ့ မွန်လိုင်းမီဒီယာသမားတွေ၊ သတင်းထောက်တွေ၊ ဓာတ်ပုံသတင်းထောက်တွေ၊ ဓာတ်ပုံ ပညာရှင်၊ ၀ါသနာရှင်တွေ ပြိုင်ပွဲဝင်နိုင်ကြမှာဖြစ်ပါတယ်။ 

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် နောက်ဆုံးထားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ အမှတ် (၁၇/၁၉)၊ သာယာအေးလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (ရဲရင့်အောင် မှတ်တိုင်အနီး) လိပ်စာကို စာတိုက်ကဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ပေးပို့နိုင်မှာပါ။

ဒါအပြင် အဖွဲ့ရဲ့ တရားဝင်ဖေ့ဘွတ်စ် စာမျက်နှာဖြစ်တဲ့ https://www.facebook.com/myanmarili2015 
(Myanmar Independent Living Initiative) ကိုလည်း ပေးပို့နိုင်မှာပါ။

ဒါအပြင် အီးမေးလ်လိပ်စာဖြစ်တဲ့ thantkyawoomyanmar@gmail.com) 
ကိုလည်း ပေးပို့ လျှောက်ထားနိုင်ကြမှာပါ။ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဖုန်းနံပတ် ၀၉-၉၇၆၀၆၀၃၉၇ ကို ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)