NlD အစိုးရလက်ထက် ငြိမ်းချမ်းရေးကိုဦးစားပေးခဲ့တာ မှားတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဝေဖန်

0
312

NLD အစိုးရသစ်တက်လာပြီးနောက်ပိုင်းပထမဦးစားပေးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်ခဲ့တာဟာ တကယ့်လက်တွေ့မကျဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကပြောပါတယ်။

မေလ ၁၄ရက်နေ့က ရန်ကုန်မြို့Park Royal ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲမှာအခုလိုပြောကြားခဲ့တာပါ။ ဦးရဲထွဋ်က ပြောကြားရာမှာ “ဦးစားပေးမှားတယ်လို့ပြောချင်တယ် တကယ့်လက်နက်ကိုင်ပဋိပက္ခ တွေမှာခံစားနေရတဲ့အခြေအနေတွေရဲ့လူဦးရေအခြေအနေတွေနဲ့ လူအများစုရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကသာအရေးကြီးလုပ်ဆောင်ရမှာဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၁၉၈၈နောက်ပိုင်းမှ စတင်ကာ အစိုးရအဆက်ဆက်ဟာ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ အခြေအနေကို စစ်တမ်းကောက်ယူနိုင်တာ မရှိခဲ့ဘူးလို့ အဲ့ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)