ဓာတ်တော်ချိုင့်ရေတံခွန်မှာ နှစ် ၃၀ နီးပါးကာလအတွင်း လူ ၂၀ ကျော် သေဆုံးခဲ့

0
353

ပြင်ဦးလွင်၊ ဓာတ်တော်ချိုင့်ရေတံခွန်မှာ နှစ် ၃၀ နီးပါးကာလအတွင်း သေဆုံးသူ ၂၀ ကျော် ရှိခဲ့ပြီလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မြန်မာအလင်းသတင်းစာမှာ ဖော်ပြလာတာပါ။

အဲ့ဒီလို ဖော်ပြရာမှာတော့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၇ နှစ်ခုအတွင်း ပျားအတုပ်ခံပြီး သေဆုံးသူ ၈ ဦးအပါ ရေနစ် သေဆုံးသူ ၂၀ ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်း ဓာတ်တော်ချိုင့်ရေတံခွန်မှာ ၂ ဦး ရေနစ်သေဆုံးထားတာပါ။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ရေအနက် ပေ ၁၀၀ ကျော်ကနေ မေလ ၁၂ ရက်နေ့က ပြန်လည်ဆယ်ယူခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)