တပ်မတော်သားတွေ လောင်းကစား၊ အပျော်အပါးနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို ရှောင်ကျဉ်ကြဖို့ ကာချုပ်သတိပေး

0
312

တပ်မတော်သားတွေ လောင်းကစား၊ အပျော်အပါးနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို ရှောင်ကျဉ်ပြီး မိမိကိုယ်မိမိ ထိန်းသိမ်းကြဖို့ ကာကွယ်ရေးဦးစီးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းကို ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုတွေနဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမမှာ မေလ ၁၃ ရက်နေ့က တွေ့ဆုံအမှာစကားပြောကြားရာမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ပြည်ပရန်ကာကွယ်ရေးနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တပ်မတော် ကာကွယ်ရေးစွမ်းရည် အစဉ်မြင့်မားနေဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)