ဘယ်ဘာသာဝင်မဆို မိမိကိုးကွယ်တဲ့ ဘာသာကို ထိန်းသိမ်းဖို့ တာဝန်ရှိဟု ကာချုပ်ဆို

0
303

ဘယ်ဘာသာဝင်မဆို မိမိကိုးကွယ်တဲ့ ဘာသာကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၁၃ ရက်နေ့က ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီး ဥာဏ်တော်အမြင့် ၇၂ ပေရှိ အဘယမုဒ္ဒြာဆင်းတုတော်နဲ့ ဗုဒ္ဓဥယျာဉ်တည်ဆောက်ဖို့ ဒုတိယအကြိမ် အလှူငွေ ပေးအပ် လှူဒါန်းတဲ့ အခမ်းအနားမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာ၊ သာသနာအပေါ်မှာ ကြည်ညိုသဒ္ဒါစိတ် တိုးပွားအောင် လုပ်ဆောင်ကြရမှသာ ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် တိုးပွားလာကြ လိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)