ဝက်လက်မြို့နယ် တရားမဝင် တမလန်းသစ်တွေ ဖမ်းဆီးရမိ

0
306

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှာ မတ်လ(၁၃) ရက်နေ့က တရားမဝင် တမလန်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ရွှေပန်းကုံးရဲစခန်းနယ်မြေအပိုင် သမရိုးကျေးရွာနဲ့ ရွှေပန်းကုံးကျေးရွာကြား မိုင်တိုင်အမှတ် ၃၆/ ၃၇/ ကြား တံတားအမှတ် ၅/၃၈ မုံရွာ-ရွေဘို ကားလမ်း မပေါ်ရှိ ဆောက်လုပ်နေဆဲ တံတားအထက်ကို မေးတင်ပြီး အိမ်စီးကား succeed YGN/ 7F-5731 ကားတစ်စီးနဲ့ သယ်ဆောင်လာတဲ့ တမလန်းသစ် (၁၂)တုံးကို ဖမ်းဆီးရမိခဲ့တာပါ။

အခုလို တမလန်းသစ်တွေ ဖမ်းဆီးလိုက်တဲ့အခါမှာ တမလန်းနဲ့ ကားသာ ဖမ်းဆီးရမိခဲ့ပြီး သစ်ပိုင်ရှင်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ရွှေပန်းကုံး ရဲစခန်းနယ်မြေစခန်းက အများပြည်သူပိုင် ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ၆(၁)အရအမှုဖွင့်အရေးယူထားပြီး သစ်ပိုင်ရှင်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)