မြန်မာ ဝတ္ထုတို ရာပြည့်အထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပမယ်

0
275

Pen Myanmar နဲ့ Myanmar Book Plaza တို့ ပူးပေါင်းစီစဉ်တဲ့ မြန်မာ ဝတ္ထုတို ရာပြည့်အထိမ်းအမှတ် စာပေစကားဝိုင်းကို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဖန်တီးသူနှင့် တည်းဖြတ်သူတို့၏ ဝတ္ထုတိုအမြင်၊ မြန်မာခေတ်ပေါ် ခေတ်ပြိုင် ဝတ္ထုတို ရေစီးကြောင်း ဆိုပြီး ခေါင်းစဉ် နှစ်ခုနဲ့ ရန်ကုန်မြို့ရှိ Myanmar Book Plaza မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဖန်တီးသူနှင့် တည်းဖြတ်သူတို့၏ ဝတ္ထုတိုအမြင် ခေါင်းစဉ်နဲ့ မနက်ပိုင်းမှာ မစန္ဒာ၊ ချစ်ဦးညို၊ မသီတာ (စမ်းချောင်း)၊ ဝင်းဖေနဲ့ မျိုးမြင့်ညိမ်းတို့က ဆွေးနွေးမှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ မြန်မာခေတ်ပေါ် ခေတ်ပြိုင် ဝတ္ထုတို ရေစီးကြောင်း ခေါင်းစဉ်နဲ့ သစ္စာနီ၊ ငြိမ်းအေးအိမ်၊ ပန်ဒိုရာ၊ မိုးသက်ဟန်နဲ့ ဟန်ဆန်းတို့က ဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)