မွန်ပြည်နယ်က အငြင်းပွားနေတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် သတ်မှတ်

0
282

ဒီကနေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်တို့ အကြား သံလွင်မြစ်ပေါ်မှာ ထိုးထားတဲ့ တံတားအမည်ကို အမျိုးသားခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ အမည်နဲ့ ဂုဏ်ပြုသတ်မှတ်ဖို့ အတည်ပြုလိုက်ပါတယ်။

အဲဒီလို အမည် အတည်ပြု သတ်မှတ်ပေးဖို့ မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းက ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့ အဆိုတင်သွင်းခဲ့တာပါ။

အဲဒီဒေသက တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ဂုဏ်ပြု အမည်သက်မှတ်ဖို့ လုပ်ဆောင်တာကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့တာဖြစ်ပြီး အခုအခါ ပြည်ထောင်စု လွှတ်တော်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)