မြန်မာနဲ့ ဗာတီကန် သံတမန် ဆက်ဆံရေး ထူထောင်မယ်

0
357

ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန်စီးတီးနဲ့ မြန်မာနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ မြန်မာ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဗာတီကန် အပါအဝင် တခြား ၆ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ မတ်လ ၁၀ ရက်နေ့က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ခရစ်ယာန် ဘုန်းတော်ကြီး ပေါရှမ်းအင်နမ်ဟာ ဗာတီကန် ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထူထောင်ဖို့ အဆိုပြုခဲ့ပါတယ်။

သူနဲ့ ရန်ကုန် ကက်သလစ် ခရစ်ယာန် သာသနာပိုင်ဆရာတော် ကာဒီနယ် ချားလ်ဘို တို့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံပြီး သံတမန် ဆက်ဆံရေး ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)