လိပ်ကျွန်းအမှုအတွက် ထိုင်းဗဟိုတရားရုံးချုပ် အယူခံဝင်ရေး မြန်မာ ဥပဒေအကြံပေးအဖွဲ့ စေလွှတ်မယ်

0
287

လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲခံရပြီး သေဒဏ် အယူခံ ပယ်ချခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း အမှုမှာ ထိုင်းဗဟို တရားရုံးချုပ်ကို အယူခံဝင်မယ့် ကိစ္စအတွက် မြန်မာနိုင်ငံကနေ ဥပဒေအကြံပေးအဖွဲ့ စေလွှတ်ရေး လုပ်ဆောင်နေပါတယ်။

အယူခံကို မတ်လ ၁ ရက်နေ့က ပယ်ချလိုက်ပြီးတဲ့နောက် နောက်ဆုံး အဆင့်အနေနဲ့ ရက် ၃၀ အတွင်း ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဖြစ်တဲ့ ဗဟိုတရားရုံးချုပ်ကို အယူခံဆက်ဝင်ခွင့် ရဦးမှာ ဖြစ်ပါတယ်။

မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ လိပ်ကျွန်းအမှုမှာ လိုက်ပါ ဆောင်ရွက်နေတဲ့ Foundation of Education Development က ဒါရိုက်တာ ဦးထူးချစ်၊ သံရုံးစကားပြန်တို့ မတ်လ ၈ ရက်နေ့မှာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)