ဗိုလ်ချုပ်အောင်ဆန်း ပုံပါ အထူးထုတ် တံဆိပ်ခေါင်း ရောင်းချပေးမယ်

0
415

ဗိုလ်ချုပ်အောင်ဆန်း ပုံ ရိုက်နှိပ်ထားတဲ့ အထူးထုတ် တံဆိပ်ခေါင်းနဲ့ တံဆိပ်ခေါင်းပါ စာအိတ်တွေ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန နှစ် ၇၀ ပြည့် အထိမ်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံး ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းပုံပါ တံဆိပ်ခေါင်း ၅၀၀ ကျပ်တန်နဲ့ တံဆိပ်ခေါင်းပါ စာအိတ် ၅၀၀ ကျပ်တန်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ဝေပေးတာ ဖြစ်ပါတယ်။

တံဆိပ်ခေါင်းနဲ့ တံဆိပ်ခေါင်းပါ စာအိတ်ကို မတ်လ ၁၇ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရောင်းပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)