မန္တလေး စက်မှုဇုန်များက သင်္ကြန် ၁၀ ရက်ပိတ်ဖို့ သဘောတူ၊ ရန်ကုန်မှာလည်း ညှိနှိုင်းနေ

0
358

မန္တလေးတိုင်းဒေသကြီးမှာ လုပ်ငန်းရှင်တွေ၊ စက်မှုဇုန် ဥက္ကဋ္ဌတွေ၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းချက်အရ သင်္ကြန်ကာလ ၁၀ ရက် ပိတ်ပေးဖို့ သဘောတူလိုက်ပါတယ်။

အားလုံးနဲ့ သွားရောက်ညှိနှိုင်းပြီးတဲ့နောက် သင်္ကြန် ၁၀ ရက် ပိတ်ပေးဖို့ အဆင်ပြေသွားတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI မှာ ကျင်းပတဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ ပြောတာပါ။

အဲဒီ တွေ့ဆုံညှိနှိုင်းပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ စက်မှုဇုန် ဥက္ကဋ္ဌတွေ၊ လုပ်ငန်းရှင်တွေ တက်ရောက်ပါတယ်။ အရင်နှစ်တွေလိုပဲ ၁၀ ရက်ပိတ်မယ်လို့ ယူဆထားတဲ့အတွက် အခုနှစ် အစောပိုင်းကတည်း လုပ်ငန်းရှင် အများစုက ပိတ်ရက် ၁၀ ရက်သတ်မှတ်ပြီး အစီအစဉ် ရေးဆွဲထားကြကြောင်းလည်း ပြောပါတယ်။

အလုပ်သမားများကလည်း သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက် ရဖို့ မျှော်လင့်ထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)