တိုက်ကြီး ငလျင်ဒဏ်ကြောင့် လူ ၂၀ ကျော် ဒဏ်ရာရ

0
311

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဝန်းကျင်ကို ဗဟိုပြုပြီး မနေ့ မတ်လ ၁၃ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်မှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၅ ဒသမ ၈ ရစ်ခ်ျတာစကေး ငလျင်ကြောင့် လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ ကလေး နှစ်ဦးတို့ ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။
ငလျင်လှုပ်သွားတာကို ရန်ကုန်မြို့မှာ သိသိသာသာ ခံစားခဲ့ကြရပြီး တိုက်ကြီးမြို့နယ် မှာတော့ သာသနိက အဆောက်အအုံ တချို့၊ ရဲလိုင်းခန်းတချို့နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ တိုက်ကြီးမြို့နယ် ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)