ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ တောင်သူ အခြေအနေ တင်းမာ

0
282

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်မှာ မတ်လ (၁၃) ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့တောင်သူ အခြေအနေ တင်းမာမှု ရှိနေပါတယ်။

စစ်တပ်က ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာကို သိမ်းဆည်းခဲ့ပြီးနောက် ဒေသခံတွေက သူတို့ပိုင်ဆိုင်တဲ့ မြေယာတွေပေါ်မှာ ဝင်ရောက်ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားနေချိန်မှာ စစ်သားခုနှစ်ယောက်က အဲဒီထွန်ယက်တဲ့ နေရာကို ရောက်ရှိပြီး ဒေသခံတောင်သူတွေနဲ့ အခြေအနေ တင်းမာမှုတွေ ဖြစ်နေကြတာ လည်းဖြစ်ပါတယ်။

အခုလိုအခြေအနေ တင်းမာမှုတွေကြောင့် စစ်တပ်က လက်နက်ပြပြီး နွားတွေကိုသိမ်းဆည်းလိုက်တာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက MCN သတင်းဌာနကို ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ နေရာတွေမှာ စစ်တပ်က မြေယာတွေကို ကြံစိုက်ပျိုးဖို့သိမ်းယူနေခဲ့ပေမယ့် အမှန်တကယ် ကြံမစိုက်ဘဲ စစ်တပ်နဲ့ နီးစပ်တဲ့ လူတွေကိုသာ သီးစားအဖြစ်လုပ်ကိုင်ခွင့်ပေးနေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)