Covid-19 ဗိုင်းရပ်စ်ကြောင့် အထည်ချုပ် ကုန်ကြမ်းရှား၊ လုပ်သားအင်အား လျှော့ချနိုင်

0
124

ကမ္ဘာနဲ့ချီ ဖြစ်ပွားနေတဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေ ကုန်ကြမ်းရှားပါးမှု ဖြစ်ပေါ်နေပြီး လာမယ့် မတ်လအတွင်း စက်ရုံတွေအားလုံး လုပ်သားအင်အား ၃၀ ရာခိုင်းနှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအောင်မျိုးဟိန်းက ပြောပါတယ်။

“အထည်ချုပ် လက်ခစား CMP လုပ်ငန်းတွေ အတွက်တော့ ပစ္စည်းမရှိရင် ထုတ်လုပ်လို မရဘူးဖြစ်နေတယ်၊ အခုချိန်မှာတော့ စက်ရုံတွေအားလုံးက အချိန်ပို်ဆင်းတာတွေကို လျှော့တာတွေ လုပ်နေရသလို စက်ရုံငယ် တွေအနေနဲ့ကတော့ လုပ်သားလျှော့တာတွေ အဆင့်အထိကို ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်၊ ဒါကြောင့် ဝန်ထမ်းတွေ အနေနဲ့ကလည်း တခြားအလုပ်ကိုင် ပြောင်းနေရတော့ အခက်အခဲတွေနဲ့ ကြုံတွေ့တာတွေ ရှိနေကြလို့ အလုပ်သမားဝန်ကြီးဌာနနဲ ့တွေ့ဆုံညှိနှိုင်းဖို့ တင်ပြထားတယ်” လို့ ဦးအောင်မျိုးဟိန်းက ပြောပါတယ်။


Covid-19 ဗိုင်းရပ်စ်ကြောင့် အထည်ချုပ် ကုန်ကြမ်းရှား၊ လုပ်သားအင်အား လျှော့ချနိုင်  

ကမ္ဘာနဲ့ချီ ဖြစ်ပွားနေတဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေ ကုန်ကြမ်းရှားပါးမှု ဖြစ်ပေါ်နေပြီး လာမယ့် မတ်လအတွင်း စက်ရုံတွေအားလုံး လုပ်သားအင်အား ၃၀ ရာခိုင်းနှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအောင်မျိုးဟိန်းက ပြောပါတယ်။

“အထည်ချုပ် လက်ခစား CMP လုပ်ငန်းတွေ အတွက်တော့ ပစ္စည်းမရှိရင် ထုတ်လုပ်လို မရဘူးဖြစ်နေတယ်၊ အခုချိန်မှာတော့ စက်ရုံတွေအားလုံးက အချိန်ပိုဆင်းတာတွေကို လျှော့တာတွေ လုပ်နေရသလို စက်ရုံငယ် တွေအနေနဲ့ကတော့ လုပ်သားလျှော့တာတွေ အဆင့်အထိကို ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်၊ ဒါကြောင့် ဝန်ထမ်းတွေ အနေနဲ့ကလည်း တခြားအလုပ်ကိုင် ပြောင်းနေရတော့ အခက်အခဲတွေနဲ့ ကြုံတွေ့တာတွေ ရှိနေကြလို့ အလုပ်သမားဝန်ကြီးဌာနနဲ့တွေ့ဆုံညှိနှိုင်းဖို့ တင်ပြထားတယ်” လို့  ဦးအောင်မျိုးဟိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးမှာ တရုတ်နိုင်ငံသား ရင်းနှီးမြှပ်နှံမှု စက်ရုံပေါင်း ၃၀၀ နီးပါး လုပ်ကိုင်နေပြီး အလုပ်သမားပေါင်း ၇ သိန်းနီးပါး ရှိနေပါတယ်။