အမှုတည်ဆောက်ရင် အစကောင်းမှ အနှောင်းသေချာမယ်လို့ ပြည်ထဲရေး ဝန်ကြီးသစ် ပြော

0
150

အမှုတစ်ခု တည်ဆောက်ရင် အစကောင်းမှ အနှောင်းသေချာဆိုသလို အစကောင်းဖို့ လိုကြောင်း၊ အစကောင်းအောင် လုပ်တဲ့အခါ သေချာ အမှုတည်ဆောင်နိုင်ရင် ဖြစ်မယ်လို့ အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကတိသစ္စာပြုပြီးနောက် နားနေချိန် မီဒီယာတွေရဲ့ မေးမြန်းမှုမှာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က အခုလို ဖြေကြားသွားတာပါ။ 

ပြည်သူလူထုမပါဘဲနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်လို့ မရကြောင်း၊ အားလုံးဝိုင်းပြီး လုပ်ကြရမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ အရင် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ဆက်ခံတဲ့သူ ဖြစ်ပါတယ်။  
