ပုဂံမှာ နိုင်ငံခြားသားတွေ ညစ်ညမ်းဗီဒီယို ရိုက်ကူးမှု မြန်မာပြည်သူတွေ ဒေါသထွက်

0
273

ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဖြစ်တဲ့ ပုဂံဒေသမှာ နိုင်ငံခြားသားတွေက ရိုက်ကူးထားတဲ့ ၁၂ မိနစ်စာ အပြာညစ်ညမ်း ဗီဒီယို ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံမှာ လူထုအကြား ဒေါသထွက်ခဲ့ကြပါတယ်။

အဲဒီဗီဒီယိုကို အသက် ၂၃ နှစ်အရွယ် ရှိကြတဲ့ အီတလီစုံတွဲက ရိုက်ပြီး PornHub ကို တင်ခဲ့တာဖြစ်တယ်လို့ ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။ ပုဂံဘုရားစေတီတစ်ခုကို နောက်ခံထားပြီး ညစ်ညမ်းကား ရိုက်ကူးခဲ့မှုကို အွန်လိုင်းမှာ ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ ပုဂံဒေသမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ထောက်ပြသူတွေ ရှိကြပါတယ်။


ပုဂံမှာ နိုင်ငံခြားသားတွေ ညစ်ညမ်းဗီဒီယို ရိုက်ကူးမှု မြန်မာပြည်သူတွေ ဒေါသထွက် 

ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဖြစ်တဲ့ ပုဂံဒေသမှာ နိုင်ငံခြားသားတွေက ရိုက်ကူးထားတဲ့ ၁၂ မိနစ်စာ အပြာညစ်ညမ်း ဗီဒီယို ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံမှာ လူထုအကြား ဒေါသထွက်ခဲ့ကြပါတယ်။

အဲဒီဗီဒီယိုကို အသက် ၂၃ နှစ်အရွယ် ရှိကြတဲ့ အီတလီစုံတွဲက ရိုက်ပြီး PornHub ကို တင်ခဲ့တာဖြစ်တယ်လို့ ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။ ပုဂံဘုရားစေတီတစ်ခုကို နောက်ခံထားပြီး ညစ်ညမ်းကား ရိုက်ကူးခဲ့မှုကို အွန်လိုင်းမှာ ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ ပုဂံဒေသမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ထောက်ပြသူတွေ ရှိကြပါတယ်။

အခုကိစ္စကို ယူနက်စကိုထံ တရားဝင် အကြောင်းကြား တင်ပြကာ အကြံဉာဏ်တောင်းခံမယ်လို့ ရှေးဟောင်းသုတေသန ဦးစီးဌာနကတော့ ပြောထားပါတယ်။