ဘင်္ဂါလီတွေ နေရပ်ပြန်ရေးကို နိုင်ငံတကာက စိတ်ဝင်စားမှု နည်းလာကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

0
164

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသံတွေ ပိုမို အားကောင်းလာသင့်ပေမယ့် ကံမကောင်းစွာဘဲ ကိုယ့်ကိစ္စတွေနဲ့ကိုယ် များပြားနေလို့ ဖြစ်မြောက်လာခဲ့ခြင်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေ ကေ အဗ္ဗဒူ မိုမင်က ပြောပါတယ်။

ဘင်္ဂါလီတွေ လိုလားမှုကို ထောက်ခံဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသံဟာ အားနည်းလာနေတယ်လို့ ဒါကာမြို့မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုအတွင်း သံတမန်တွေနဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ နှစ်ဖက်သဘောတူထားခဲ့ပြီး နှစ်ကြိမ်တိုင် ပြန်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတကာ NGO အဖွဲ့တချို့က ဘင်္ဂါလီတွေ နေရပ်မပြန်အောင် လှုံ့ဆော်နေတယ်ဆိုပြီး ဒုက္ခသည်စခန်းထဲမှာ လှုပ်ရှားလုပ်ဆောင်ခွင့် ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်ပင်ထားပါတယ်။ မြန်မာနိုင်ငံဘက်ကိုတော့ မိမိဆန္ဒအလျောက် ပြန်လာတဲ့ ဒုက္ခသည် ၆၀၀ ကျော် ရှိသွားပြီလို့ မြန်မာအစိုးရက ပြောပါတယ်။
