ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ပြန်သုံးခွင့်ပေးဖို့ အဖွဲ့အစည်း ၂၉ ခု တောင်းဆို

0
141

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ်ရှိ မြို့နယ်တစ်ခုတို့မှာ မိုဘိုင်း အင်တာနက် ဆက်သွယ်ရေးတွေ ထိန်းချုပ်ထားတာကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ အဖွဲ့အစည်း ၂၉ ခုက မြန်မာအစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

အရင်က အင်တာနက် ပြန်ဖွင့်ပေးထားတဲ့ မြို့နယ် ငါးမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်မှာ မိုဘိုင်း အင်တာနက် အသုံးပြုခွင့် ကန့်သတ် ပိတ်ပင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ Article 19, အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Burma Campaign UK, ချင်းလူ့အခွင့်အရေး အဖွဲ့၊ Human Rights Watch အဖွဲ့ စတာတွေ ပါဝင်ပါတယ်။    


ရခိုငနြဲ့ ခငွြးပှညနြယမြှာ အငတြာနကြ ပှနသြုံးခှင့ပြေးဖို့ အဖှဲ့အစညြး ၂၉ ခု တောငြးဆို

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ်ရှိ မြို့နယ်တစ်ခုတို့မှာ မိုဘိုင်း အင်တာနက် ဆက်သွယ်ရေးတွေ ထိန်းချုပ်ထားတာကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ အဖွဲ့အစည်း ၂၉ ခုက မြန်မာအစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

အရင်က အင်တာနက် ပြန်ဖွင့်ပေးထားတဲ့ မြို့နယ် ငါးမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်မှာ မိုဘိုင်း အင်တာနက် အသုံးပြုခွင့် ကန့်သတ် ပိတ်ပင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ Article 19, အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Burma Campaign UK, ချင်းလူ့အခွင့်အရေး အဖွဲ့၊ Human Rights Watch အဖွဲ့ စတာတွေ ပါဝင်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ အစိုးရက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်၊ ချင်းပြည်နယ်က ပလက်ဝမြို့တို့မှာ အင်တာနက်ကို ကန့်သတ်ခဲ့ပါတယ်။ မနှစ်က စက်တင်ဘာလမှာ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ပလက်ဝနဲ့ ရသေ့တောင်မြို့နယ်တွေကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့် အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အဲဒီ ငါးမြို့နယ်စလုံးကို အင်တာနက်ကို ပြန်လည် ပိတ်ပင်ခဲ့ပါတယ်။ “လုံခြုံရေးလိုအပ်ချက်နဲ့ ပြည်သူတွေ အကျိုးအတွက်” အင်တာနက်ကို ပိတ်ထားဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ တယ်လီနော မြန်မာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)