တိုက်ပွဲဖြစ်ရာမှာ စာသင်ကျောင်းတွေကို ရှောင်ပြီး ကလေးတွေကို ကာကွယ်ဖို့ သတိပေး

0
251

မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်ရာမှာ စာသင်ကျောင်းတွေကို ရှောင်ရှားပြီး ကလေးငယ်တွေကို အကာအကွယ်ပေးကြဖို့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာရှိ မူလတန်းကျောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ထိမှန်လို့ ကျောင်းသား ၁၄ ဦးနဲ့ ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် Save The Children အဖွဲ့က အခုလို သတိပေးလိုက်တာပါ။ ဒဏ်ရာရရှိသူတွေထဲမှာ တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ အခု ပစ်ခတ်မှုဟာ AA ရခိုင် လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဖြစ်ပွားရာမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို Save the Children က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ ပဋိပက္ခတိုက်ပွဲတွေနဲ့ ဘာမှ မဆိုင်တဲ့ ကလေးတွေဟာ ဗဟိုချက်မှာ ရောက်နေပြီး ဒါကို ရပ်တန့်ပစ်ရမှာဖြစ်ကြောင်း၊ အခု ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှုဟာ Save the Children အဖွဲ့က ပဋိပက္ခအတွင်း နေထိုင်နေရတဲ့ ကလေးငယ် ၄၁၅ သန်းနဲ့ ပတ်သက်လို့ “ကလေးတွေအပေါ် စစ်ပွဲတွေရပ်” အစီရင်ခံစာ ထုတ်ပြန်ပြီးခါစ ဖြစ်ကြောင်း Save the Children ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဒွန်ကန် ဟာဗေးက ပြောပါတယ်။  

တိုကျပှဲဖွဈရာမှာ စာသငျကြောငျးတှကေို ရှောငျပွီး ကလေးတှကေို ကာကှယျဖို့ သတိပေး

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)